အေအေ

March 11, 2021

အေအေကို အကြမ်းဖက်အုပ်စုအဖြစ်မှရုပ်သိမ်းကြောင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကြေညာ

ရက္ခိုင့်တပ်တော်(အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရတဲ့  အာဏာသိမ်းစစ်အုပ်စုက မတ်လ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောတူညီချက်နဲ့  ခုလိုလုပ်ဆောင်တာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အေအေအဖွဲ့ဟာ အခုအခါမှာ အကြမ်းဖက်လုပ်ငန်းတွေ ပြုလုပ်ခြင်းမပြုတော့သလို စစ်ကောင်စီကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့နဲ့အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးတည်ဆောက်ဖို့ မတ်လ ၁၁ ရက်မှ စပြီး အကြမ်းဖက်အုပ်စု အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အမိန့်စာမှာဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် ( ULA/ AA) ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။ 

 ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)က အကြမ်းဖက်အုပ်စုအဖြစ်  မတ်လ ၁ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။

2 months Ago

January 1, 2021

ပြန်လွတ်လာသည့် အန်အယ်လ်ဒီပါတီဝင် ၃ ဦး စစ်တွေရောက်၊ မိသားစုနှင့် အဆက်အသွယ်ပြန်ရ 

အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ယောက်  ဒီနေ့ ဇန်နဝါရီ ၁ ရက်  နေ့ခင်းပိုင်းမှာ  ပြန်လွတ်လာပြီး စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။  ပြန်လွတ်လာတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်နီနီမေမြင့် ရဲ့ ခင်ပွန်းဖြစ်သူ ကိုလင်းနိုင်က “သူတို့ပြန်လွတ်လာပြီဆိုတာ အခု ညနေ လေးနာရီလောက်မှာ မိသားစုနဲ့ဖုန်း နဲ့အဆက်အသွယ်ရပြီ။ တပ်မတော်ဘက်ကနေ သွားကြိုပြီး ခုစစ်တွေက အစိုးရအဖွဲ့ဆီကို  ပြန်လွဲဖို့လုပ်နေတယ်။ အားလုံးကတော့ ကျန်းကျန်းမာမာ ရှိတယ်” လို့  ပြောပါတယ်။  ပြန်လွတ်လာသူတွေကို တပ်မတော်ဘက်က ရယာဉ်ယာဉ်နဲ့သွားရောက်ခေါ်ဆောင်ခဲ့ပြီး  လက်ရှိအချိန်မှာတော့ စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ မိသားစုဝင်တွေကပြောပါတယ် ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ ၃ ဦးဟာ တောင်ကုတ်မြို့နယ် အတွင်းမဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့  အောက်တိုဘာ ၁၄ ရက်နေ့က အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး အဖမ်းခံရပြီး နှစ်လကျော်အကြာမှာ ပြန်လည် လွတ်မြောက်လာတာပါ။  အေအေဘက်ကတော့ ဖမ်းထားသူ ၃ ဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့နေ့လည် ၂ နာရီ ၃၅ မိနစ်မှာ ရခိုင်ပြည်နယ်  မြေပုံမြို့နယ် မိကျောင်းတက်ကျေးရွာမှာ  မြန်မာတပ်မတော်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  အေအေဘက်ကတော့ ဖမ်းထားသူတွေကို ပြန်လည်လွှတ်ပေးခဲ့သလို အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းရေး ရှေးရှုပြီး ပြန်လွှတ်ပေးဖို့  တောင်းဆိုထားပါတယ်။ အေအေအဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေဟာ   နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ခုလို အန်အယ်လ်ဒီ ကိုယ်စားလှယ် လောင်းတွေ  ပြန်လည်လွတ်မြောက်ခဲ့တာပါ။ PHOTO- ဝဏ္ဏခွာညို
4 months Ago

တိုက်ပွဲအတွင်းဖမ်းဆီးရမိထားသည့် မြန်မာ့တပ်မတော်သား ၃ ဦးကို အေအေပြန်လွှတ်ပေး 

တိုက်ပွဲကာလအတွင်း အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာ့တပ်မတော် စစ်သည် ၃ ဦးကို ဒီကနေ့ ဇန်နဝါရီလ  ၁ ရက်နေ့မနက်က ပလက်ဝရှိ  မြန်မာစစ်တပ်လက်ခံရေးအဖွဲ့ထံ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။  မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃  တပ်ရင်းက အရာခံဗိုလ် ဦးမြင့်အောင်၊ တပ်သား နန်းဝင်းမောင်နဲ့ တပ်သား ဝေလင်းအောင်တို့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သူတို့ ၃ ဦးဟာ ၂၀၁၉ ခုနှစ်  နိုဝင်ဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ပုန်းညှက်ဝရွာအနားမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သည်တွေအထဲက အသက်ကြီးနေသူတွေ ကျန်းမာရေးဆိုးရွားနေသူတွေနဲ့ ဒဏ်ရာရသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ ထပ်ပြီး လွှတ်ပေးသွားမယ်လို့လည်း  ရက္ခိုင့်တပ်တော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။  “နောက်ထပ်လွှတ်ပေးဖို့ စီစဉ်ထားတာကတော့  မြန်မာစစ်တပ်ဘက်က ကျနော်တို့ တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ့သူတွေအထဲက  အသက်ကြီးပြီးတော့မှ နာမကျန်းဖြစ်နေသူတွေ၊ နောက် နဂိုကျန်းမာရေးအခံချို့ယွင်းပြီးတော့မှ  အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေ ပိုပြီးတော့ ဆိုးရွားလာသူတွေ၊  နောက်ပြီးတော့ တိုက်ပွဲကာလတွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့လူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့   နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်  ဖြစ်ပေါ်တိုးတက်မှု ရလဒ်အပေါ်မူတည်ပြီး  ကျနော်တို့လက်ထဲမှာ ဖမ်းဆီးရမိ ထိန်းသိမ်းထားတဲ့ မြန်မာစစ်သားတချို့ကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်”။ ULA/AA  ရခိုင်လက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌနဲ့ တပ်မတော်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာလ ၃၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ရလဒ်အရ ခုလိုလွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။  
4 months Ago
More News
Up