အမေရိကန်တွင် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ရေလွှမ်းမိုး (ရုပ်သံ)

December 11, 2015

အမေရိကန်တွင် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ရေလွှမ်းမိုး (ရုပ်သံ)

အမေရိကန် အနောက်မြေက်ပိုင်း ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် မုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးခဲ့ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်က အိမ်အမိုးပေါ် ပြိုကျရာက အိုရီဂွန်ပြည်နယ်မှာ အမျိုးသမီးတဦး အိပ်ရာထဲမှာ ဒီဇင်ဘာ ၉ ရက်နေ့ အစောပိုင်းက သေဆုံးခဲ့ပါတယ်။ လျှပ်စစ် ဓာတ်အားတွေ ပြတ်တောက်ကုန်ပြီး လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အိုရီဂွန်ပြည်နယ် တောင်ပေါ်ဒေသနဲ့ အိမ်နီးချင်း ဝါရှင်တန် ပြည်နယ်တွေမှာ ဒီဇင်ဘာ ၉ ရက်နေ့ တရက်တည်းမှာတင် မိုးရေချိန်က ၁၂ လက်မ ကျော်ခဲ့လို့ အုပ်ချုပ်ရေးမှူး ဂျေး အင်စလီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ စံချိန်ကျိုးအောင် တိုက်ခတ်တဲ့ မုန်တိုင်းကြောင့် မြစ်ရေလျှံပြီး ကျောင်းတွေ၊ လမ်းတွေကို တတိယမြောက်နေ့အဖြစ် ဆက်ပိတ်ထားပါတယ်။ မုန်တိုင်းတွေကြောင့် ပို့တ်လန်းဒေသမှာ ၂ သောင်း ၆ ထောင်လောက်နဲ့ ဆီယက်တယ် ဒေသမှာ အယောက် ၃ သောင်း ၇ ထောင်လောက် လျှပ်စစ် မီးမရဘဲ နေခဲ့ရပါတယ်။
6 years Ago
Up