အမေရိကန်တွင်

April 27, 2018

အမေရိကန်တွင် အစိုးရကျောင်းဆရာ/ဆရာမများ လစာတိုးရေး ဆန္ဒပြ

  အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ်ထဲက အစိုးရကျောင်းဆရာ၊ ဆရာမတွေဟာ  လစာတိုးရေးနဲ့ ပညာရေးအသုံးစရိတ်မြှင့်ရေးအတွက် ဧပြီ ၂၆ ရက်နေ့မှာ စာသင်ခန်းတွေကနေထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အနောက်ဗာဂျီးနီးယား၊ အိုကလာဟိုးမားနဲ့ ကန်တက်ကီပြည်နယ်တို့ကလည်း အလားတူ ဆန္ဒပြပွဲတွေကို  ထောက်ခံနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပညာရေးဝန်ထမ်းတွေ ဖြစ်စေချင်တဲ့ဆန္ဒကို နိုင်ငံ့ခေါင်းဆောင်တွေ သိအောင် သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်တွေက ပြောပါတယ်။ ကော်လိုရာဒိုက ပညာရေးဝန်ထမ်းတွေဟာ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကျောင်းပိတ်ဆန္ဒပြနေကြတာပါ။ ဒီဆန္ဒပြပွဲမှာ ပညာရေးဝန်ထမ်း ၁ သောင်းကနေ ၁ သောင်းခွဲအထိ ပူးပေါင်းပါဝင်နိုင်တယ်လို့ အမေရိကန်ဆရာများသမဂ္ဂက ခန့်မှန်းထားပါတယ်။
3 years Ago

April 23, 2018

အမေရိကန်တွင် ကိုယ်လုံးတီး သေနတ်သမား ပစ်ခတ်မှုကြောင့် ၄ ဦးသေ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ဧပြီ ၂၂ ရက်နေ့က ကိုယ်လုံးတီး လူတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ သေနတ်ပစ်ခတ်မှုဟာ နက်ရှ်ဗီးလ်မြို့အနီးရှိ ဝေါ့ဖဲလ်ဟောက်စ် ဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ သေနတ်သမားဟာ AR-15 စတိုင်လ် ချေမှုန်းရေး ရိုင်ဖယ်ကို ကိုင်ဆောင်ပြီး ဆိုင်အတွင်းရှိ စားသုံးသူတွေကို ၀င်ရောက်ပစ်ခတ်ခဲ့တယ်လို့ မက်ထရို နက်ရှ်ဗီးလ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “ထရာဗစ်ရိန်းကင်းဆိုသူ တယောက်က ပစ်ကပ်ကားနဲ့ ရောက်လာပြီး ကားထဲက ထွက်လာတယ်။ ဆိုင်အပြင်မှာ ရှိနေသူတွေကို သူက သေနတ်နဲ့ ပစ်တယ်။ နောက်တော့ ဆိုင်ထဲဝင်သွားပြီး ထပ်ပစ်တယ်။ စားသုံးသူတဦး  ထိသွားပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆိုင်အတွင်းရှိ စားသုံးသူ တဦးက အဲဒီသေနတ်သမားကို ၀င်လုံးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ ကြေညာကြေညာချက်မှာ ဖော်ပြထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up