အေဗရာဟမ်

July 21, 2021

ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း နီးစပ်

အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ 

ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်မရဖြစ်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကို စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း အာဆင်နယ်နဲ့ အပြိုင်ခေါ်ယူလိုနေတာပါ။ 

ချဲလ်ဆီးဘက်ကတော့ အေဗရာဟမ်အတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အာဆင်နယ်အသင်းက အငှားစာချုပ်နဲ့အတူ အပြီးသတ်ဝယ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ 

ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရှိနေပြီး အေဗရာဟမ်အနေနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို လေးစားအားကျခဲ့သူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အိုလီဗီယာ ဂျရူးကိုလည်း အေစီမီလန်ကို ရောင်းချထားပြီး အေဗရာဟမ်နေရာမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

2 weeks Ago

March 8, 2020

စာချုပ်သက်တမ်းတိုး ကမ်းလှမ်းချက် ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ် ပယ်ချ

ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်း ချက်ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူး အေဗရာဟမ်ဟာ ပြီးခဲ့တဲ့နှစ်က ဒါဘီအသင်းမှာ အငှားထွက်ကစားခဲ့ပြီး အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးတဦးဖြစ်ပါတယ်။  ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၁၃ ဂိုးသွင်းယူထားတာကြောင့် ချဲလ်ဆီးအသင်းက စာချုပ်သစ်ချုပ်ဆိုပြီး လုပ်ခတိုးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အေဗရာဟမ်က ပယ်ချခဲ့ပါတယ်။ Mirror သတင်းစာရဲ့ အဆိုအရ  အေဗရာဟမ်အနေနဲ့ လုပ်ခနဲ့ပတ်သက်ပြီး အဆင်မပြေမူ တစုံတရာရှိနေတယ်လို့ ဆိုပါတယ်။  ချဲလ်ဆီးအသင်းဟာ တခြားအင်္ဂလန်ကြယ်ပွင့် ဟက်ဆန်အိုဒွိုင်းကို တပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ ၅ နှစ်ချုပ်ဆိုထားပါတယ်။ နောက်ထပ် လူငယ်တွေဖြစ်ကြတဲ့ ရိစ်ဂျိမ်း၊ မေဆန်မောင့်၊ တိုမော်ရီ၊ လော့ဖ်တပ်ချိခ် နဲ့ ဂယ်လ်မော တို့ကိုတော့ ချဲလ်ဆီးအသင်းက စာချပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပါတယ်။ 
1 year Ago
More News
Up