အူဘာမီယန်း

January 19, 2021

အူဘာမီယန်းကို လူစားလဲခဲ့ရသည့်အကြောင်း နည်းပြအာတီတာ ရှင်းလင်း

၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကို လူစားလဲခဲ့တာက သန့်စင်ခန်းသွားချင်တာကြောင့် ဖြစ်တယ်လို့ နည်းပြအာတီတာက ပြောပါတယ်။  အသင်းခေါင်းဆောင် အူဘာမီယန်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒုတိယဂိုး သွင်းယူပြီး မိနစ်ပိုင်းအတွင်းမှာပဲ နည်းပြအာတီတာ အူဘာမီယန်းကို လူစားလဲခဲ့တာပါ။  ပွဲအပြီးမှာတော့ အူဘာမီယန်းအနေနဲ့ အစာအိမ်ကိစ္စရှိလာပြီး သန့်စင်ခန်းသွားချင်တာကြောင့် လူစားလဲခဲ့တာလို့ နည်းပြ အာတီတာက ပြောပါတယ်။  အူဘာမီယန်းဟာ ပထမဂိုး သွင်းယူအပြီးမှာ ကျွမ်းထိုးအောင်ပွဲခံခဲ့ပြီး ဒုတိယဂိုးသွင်းအပြီးမှာတော့ အသာအယာပဲ အောင်ပွဲခံခဲ့တာပါ။  အူဘာမီယန်းဟာ ဒုတိယဂိုးသွင်းအပြီးမှာ သန့်စင်ခန်းသွားချင်တာကြောင့် အပြောင်းအလဲလုပ်ခဲ့ရပြီး အစာအိမ်ကိစ္စကြောင့်ဖြစ်တယ်လို့ ရယ်ရယ်မောမောနဲ့ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
4 months Ago

November 27, 2020

အာဆင်နယ်အသင်း သွင်းဂိုးနည်းပါးမှု ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေဟု အူဘာမီယန်း ပြော

အာဆင်နယ်အသင်းရဲ့ အကြီးမားဆုံးပြဿနာက သွင်းဂိုးနည်းပါးနေတာလို့ တိုက်စစ်မှူး အူဘာမီယန်းက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ အမှတ်ပေးဇယားအောက်ဆုံးက ၄ သင်းပြီးပါက သွင်းဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။  ၉ ပွဲကစားအပြီးမှာ ၉ ဂိုးပဲသွင်းယူထားပြီး ဖူဟမ်နဲ့ ၉ ဂိုးစီ တူညီနေသလို ဘန်လေ၊ ဝက်စ်ဘရွန်း၊ ရှက်ဖီး ယူနိုက်တက်ပြီးပါက သွင်းဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။  လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲက သွင်းဂိုးနည်းပါးနေတာဖြစ်ပြီး နည်းပြနဲ့ တခြားကစားသမားတွေအားလုံးက ဒီအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ အူဘာမီယန်းကပြောပါတယ်။  ရလဒ်မကောင်းသေးပေမယ့် လာမယ့်အနာဂတ်ကာလတွေအတွင်းမှာ ကမ္ဘာက အံ့အားသင့်လောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အူဘာမီယန်းကပြောပါတယ်။  အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂိုး ၆၀ သွင်းခဲ့ပေမယ့် အသင်းဖော်တွေရဲ့ ဂိုးသွင်းနူန်းက အားနည်းနေဆဲဖြစ်ပါတယ်။ 
6 months Ago
More News
Up