အူဘာမီယန်

December 25, 2020

ချဲလ်ဆီးနှင့်ပွဲ အူဘာမီယန်းပြန်ကစားနိုင်ရန် မသေချာသေးကြောင်း အာဆင်နယ်ထုတ်ပြန်

တိုက်စစ်မှူး အူဘာမီယန်းဟာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြန်ကစားနိုင်ဖို့ မသေချာသေး ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ပါတယ်။  အူဘာမီယန်းဟာ အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့တာပါ။  အာဆင်နယ်အသင်းဟာ စနေညမှာ ချဲလ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အီမရိတ်ကွင်းမှာရင်ဆိုင်ရမှာပါ။  မန်ယူအသင်းကို အနိုင်ရခဲ့ပြီးနောက် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အာဆင်နယ်အသင်းဟာ အဆင့် ၁၅ မှာ ရပ်တည်နေပြီး နိုင်ပွဲရဖို့ လိုအပ်နေတာပါ။  အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၅ ဂိုးသွင်းယူထားပြီး ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြံခိုင်မှုအပိုင်းမှာ တိုးတက်လာဖို့ ကြိုးပမ်းနေကြောင်းလည်း အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ကွင်းလယ်လူ သောမက်စ်ပါတေးကတော့ ချဲလ်ဆီးနဲ့ ပွဲကို ဆက်ပြီးလွဲချော်မယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။  ချဲလ်ဆီးအသင်းမှာတော့ နောက်ခံလူတွေဖြစ်တဲ့ ဘင်ချီဝဲလ်၊ ရီဆီဂျိမ်းနဲ့ ဇီယက်ချ်တို့ လွဲ ချော်မယ်လို့ သိရပါတယ်။ 
4 months Ago

September 11, 2020

အူဘာမီယန်းနှင့် အာဆင်နယ်အသင်း ၃ နှစ်သက်တမ်းတိုးရန် သဘောတူဟု သတင်းထွက်

တိုက်စစ်မှူး အူဘာမီယန်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ၃ နှစ်စာချုပ် ထပ်မံချုပ်ဆိုဖို့ သဘောတူညီချက်ရရှိခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။  အသက် ၃၁ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီ ကုန်ဆုံးမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဂိုးသွင်းစက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာဖြစ်ပါတယ်။  ဒါပေမဲ့ အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ဆက်နေဖို့ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ပြီး မကြာခင် အသင်းနဲ့လက်မှတ်ရေးထိုးတော့မယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။  သူ့ကို အသင်းမှာဆက်နေဖို့ စည်းရုံးခဲ့ကြရာမှာ အသင်းနည်းပြ အာတီတာက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  ထွက်ပေါ်လာတဲ့ သတင်းအရ အူဘာမီယန်းရဲ့စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်တွေဟာ အာဆင်နယ်အသင်းရဲ့ ဘောလုံးအားကစားဆိုင်ရာ အကြီးအကဲဟောင်း ရာအူးလ်ဆန်လီဟီ လက်ထက်မှာ စီစဉ်ထားခဲ့တာဖြစ်ပြီး အခုစာချုပ်သစ်ကိုတော့ လက်ရှိနည်းစနစ်ဒါရိုက်တာ အီဒူးက ကိုင်တွယ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။  စာချုပ်အသစ်အရ ကစားသမားဟာ တပတ်ကို ပေါင် ၂၅၀၀၀၀ ရရှိမယ်လို့ ယူဆရပြီး လာမယ့်နှစ် အသင်းကနေ အိုဇေးလ်ထွက်ခွာမယ်ဆိုရင် အူဘာဟာ အသင်းရဲ့လစာအများဆုံး ကစားသမား ဖြစ်လာမှာပါ။  ဒေါ့မွန်အသင်းကနေ အာဆင်နယ်ကို ပေါင် ၅၆ သန်းနဲ့ ရောက်ရှိလာပြီးကတည်းက ဂါဘွန်သားဟာ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတဦးအဖြစ် ခြေစွမ်းပြထားနိုင်ခဲ့ပြီး ပွဲပေါင်း ၁၁၀ ကစားကာ ၇၁ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။  အူဘာမီယန်းကို အသင်းမှာဆက်ရှိနေစေချင်ပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမားတဦးအဖြစ် တာဝန်ပေးသွားချင်တယ်လို့ နည်းပြ အာတီတာက ပြောထားပါတယ်။
8 months Ago
More News
Up