အူဘာမီယန်း

June 15, 2019

တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ် စာချုပ်သစ်ချုပ်ရန် ပြင်ဆင်

တရုတ်စူပါလိဂ် ကလပ်တခုရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခံရပြီးနောက် အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး လစာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကွမ်ကျိုး အဲဗားဂရန်ဒီနဲ့ ရှန်ဟိုင်းSIPG အသင်းတွေက ချိတ်ဆက်နေတဲ့ အူဘာမီယန်းကို အာဆင်နယ်အသင်းအနေနဲ့ တပတ်လုပ်ခပေါင် ၁၉၀၀၀၀ ထိ တိုးမြှင့်ပေးဖို့ ရှိနေပေမယ့် ကစားသမားဟာ တရုတ်မြေကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ တပတ်လုပ်ခပေါင် ၃ သိန်းထက်မနည်း ရရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၂ ဂိုးနဲ့ ရွှေဖိနပ်ဆုရရှိထားသူ အူဘာမီယန်းဟာ လာမယ့်နှစ် ၃၀ ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ အူဘာမီယန်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကိုလည်း ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ် အစရှိတဲ့ အသင်းတွေက မျက်စိကျနေလို့ အာဆင်နယ်အသင်းဘက်ကလည်း စာချုပ်သစ်ကမ်းလှမ်းပြိး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ရှိနေပါတယ်။
2 years Ago

March 12, 2019

ယုံကြည်မှုကြောင့် ပယ်နယ်တီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ဟု အူဘာမီယန်း ပြော

ယုံကြည်မှုကြောင့် ပယ်နယ်တီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်လို့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ပြောကြားလိုက်ပါတယ်။ အူဘာမီယန်းဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီးရတဲ့ ပယ်နယ်တီ ကန်သွင်းရာမှာ လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ပယ်နယ်တီရခဲ့ပြီး ဒီတကြိမ်မှာတော့ အူဘာမီယန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပယ်နယ်တီကန်သွင်းဖို့အတွက် မိမိကိုယ်တိုင် ယုံကြည်မှုရှိသလို အသင်းဖော်တွေကလည်း ယုံကြည်မှုရှိတဲ့အတွက် ဘာဖိအားမှမရှိဘဲ အကောင်းဆုံး ကန်သွင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အူဘာမီယန်းက ပြောပါတယ်။ ဒါ့အပြင် အဆင့်လေးအတွင်းဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်နိုင်ဖို့က မိမိတို့လက်ထဲမှာရှိပြီး  မန်ယူအသင်းကို အနိုင်ယူခဲ့တဲ့အတွက် အခွင့်အရေး ပိုကောင်းလာပြီလို့လည်း အူဘာမီယန်းက ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်း အဆင့်နှစ်နေရာမှာ ရပ်တည်နေပါတယ်။
2 years Ago
More News
Up