အိုလံပစ်အိမ်ရှင် ဘရာဇီးအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဂျူဒိုအားကစားမှ ရရှိ

August 15, 2016

အိုလံပစ်အိမ်ရှင် ဘရာဇီးဘောလုံးအသင်း ဆီမီးဖိုင်နယ် တက် (ရုပ်သံဟိုက်လိုက်)

ဘရာဇီးအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးက ကိုလံဘီယာကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဘရာဇီးအတွက် အဖွင့်ဂိုးကို ၁၂ မိနစ်မှာ တိုက်စစ်မှူး နေမာက အလွတ်တည်ကန်ဘောကနေ သွင်းယူပါတယ်။ ဒီဂိုးဟာ နေမာအတွက် အခုယှဉ်ပြိုင်နေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယဂိုးကို ဒုတိယပိုင်းမှာ လူရန်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဟွန်ဒူးရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဥရောပတိုက်က နာမည်ကြီး ဂျာမနီကတော့ ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘရာဇီးအတွက်တော့ အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ၃ ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
5 years Ago

August 9, 2016

အိုလံပစ်အိမ်ရှင် ဘရာဇီးအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဂျူဒိုအားကစားမှ ရရှိ

ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီးအတွက် ရွှေတံဆိပ်ဆုကို ဂျူဒို အားကစားကနေ ရရှိသွားပါတယ်။ သြဂုတ် ၈ ရက်က ယှဉ်ပြိုင်တဲ့ အမျိုးသမီး ၅၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲမှာ ဘရာဇီးသူ ရာဖယ်လာ ဆေးဗားက ရွှေတံဆိပ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ပထမဆုံး ရွှေတံဆိပ်ဆုအတွက် ဘရာဇီးနိုင်ငံသားတွေလည်း အောင်ပွဲခံတာတွေ ပြုလုပ်ခဲ့ပါတယ်။ ရာဖယ်လာ ဆေးဗားဟာ မွန်ဂိုလီးယားနိုင်ငံသူကို အနိုင်ရယူပြီး ရွှေတံဆိပ် ရယူနိုင်တာ ဖြစ်ပါတယ်။ လောလောဆယ် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရပ်တည်မှု အနေအထားအရ တရုတ်က ရွှေ ၄၊ ငွေ ၂၊ ကြေး ၄ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သြစတြေးလျက ရွှေ ၄၊ ကြေး ၃ ခုနဲ့ ဒုတိယ၊ အမေရိကန်က ရွှေ ၃၊ ငွေ ၆၊ ကြေး ၄ ခုနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up