အိုင်ယာလန်ကို ရှုံးပြီး ဝေးလ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်

October 10, 2017

အိုင်ယာလန်ကို ရှုံးပြီး ဝေးလ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင် (ရုပ်သံဟိုက်လိုက်)

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ဒီ နောက်ဆုံးပွဲစဉ်အဖြစ် ဝေးလ်နဲ့ အိုင်ယာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အိုင်ယာလန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့တဲ့ ဝေးလ်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရေး မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ဝေးလ်အသင်းဟာ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲ အနိုင်ရရင် ကမ္ဘာ့ဖလား ဝင်ခွင့်ရရေး မျှော်လင့်ချက်ရှိတဲ့အတွက် ကြိုးစားယှဉ်ပြိုင်သွားတာပါ။ ပထမပိုင်းမှာ ဝေးလ်က ပိုမိုထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် နှစ်သင်းစလုံး လိုအပ်တဲ့ အနိုင်ဂိုးတော့ သွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဝေးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပေမယ့် အိုင်ယာလန် ဂိုးသမားနဲ့ နောက်တန်း အကောင်းဆုံး ဟန့်တားကာကွယ်နိုင်ခဲ့ပါတယ်။ အိုင်ယာလန်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ တိုက်စစ်မှူး မက်ကလင်းက သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ဒီ ပွဲစဉ်တွေ အားလုံးယှဉ်ပြိုင်အပြီးမှာတော့ ဆားဘီးယားအသင်းက အုပ်စု ပထမနဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားပြီး အိုင်ယာလန်ကတော့ အုပ်စု ဒုတိယနေရာရတဲ့အတွက် ခြေစစ်ပွဲ Play Offs ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up