အိုင်ယာလန်

February 15, 2019

အိုင်ယာလန်နယ်စပ် အရေးကိစ္စ အပြောင်းအလဲလုပ်ရန်လိုဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

အိုင်ယာလန်နယ်စပ် အရေးကိစ္စမှာ ဗြိတိန်အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ်မေက အကောက်ခွန်ယူနီယံကို အဓိကထားတဲ့ အယူအဆကို ပယ်ချခဲ့ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျွန်ဆင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအတွက် ဘရဲဆစ် မူဝါဒကို အပြောင်းအလဲ လုပ်နိုင်တဲ့  မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ပါတယ်။ “ကျနော်ကတော့ အဆိုပြုနေတဲ့အရာကို ဂရုတစိုက် လေ့လာချင်ပါတယ်။ အဲဒါဟာ ဗြိတိန်ကို ဗြိတိန် အလိုကျ  ထွက်ခွာမှုမျိုးပေးရပါမယ်။ အချိန်သတ်သတ်မှတ်မှတ် ဆန္ဒအလျောက် ထွက်ခွာနိုင်ရပါမယ်။ မဟုတ်ရင်တော့ ကျနော်တို့ရဲ့ ကုန်သွယ်ရေး မူဝါဒကို ထိထိရောက်ရောက် စီမံခန့်ခွဲစေနိုင်တဲ့  အီးယူအလိုကျ အစီအစဉ်တွေထဲမှာ ပိတ်မိနေပါလိမ့်မယ်။” “အားလုံးမျှော်လင့်တာက နှစ်ဘက်စလုံးကို အောက်လွှတ်တော်မှာ တိုရီပါတီမှာ ငြင်းခုံနေတာကို ထားခဲ့ပြီး တခြားနေရာကို ရွေးစေလိုပါတယ်။ ဘရပ်ဆဲလ်ကို ၀န်ကြီးချုပ်သွားပြီး ကျနော်တို့ လိုနေတဲ့ အပြောင်းအလဲကို ရယူစေလိုပါတယ်။ ၀န်ကြီးချုပ်က သူလုပ်မယ်လို့ ပြောထားတယ်။ ကျွန်တော်ကတော့ အဲဒါကို မျှော်လင့်ချက်ကြီး လို့မြင်တယ်။ သူလုပ်နိုင်ရင် ကျနော်တို့ ပြိုင်ပွဲ ၀င်ရပြီ။ ကျနော်တို့ ဒီအကျပ်အတည်းက လွတ်မြောက်နိုင်တဲ့ အခွင့်အရေးရိရှင် စစ်မှန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ပြုလုပ်ဖို့ နောက်တစ်ဆင့် ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က လေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘင်ဟာ ဘရဲဆစ်သဘောတူညီချက်ကို ပါလီမန်မှာ ထောက်ခံဖို့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ၀န်ကြီးချုပ်မေအနေနဲ့ ရှင်းလင်းလွယ်ကူပြီး ထာဝရတည်ရှိမယ့် ဗြိတိန်တလွှား အကောက်ခွန်ယူနီယံစနစ်ကို ကြိုးပမ်းဖို့ တောင်းဆိုထားပါတယ်။
2 years Ago

October 13, 2018

အိုင်ယာလန်တနိုင်လုံး တုန်လှုပ်ခဲ့ရသည့် နှစ်ပတ်သားကလေးကို လူစိတ်အကင်းမဲ့ဆုံး အဓမ္မကျင့်မှု

သီတင်းပတ်နှစ်ပတ် အရွယ်သာရှိသေးတဲ့ မွေးကင်းစကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုတခု မြောက်အိုင်ယာလန်မှာ ဖြစ်ပွားခဲ့တယ်လို့ Pattayaone သတင်းမှာ ဖော်ပြပါတယ်။ လူမဆန်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးငယ်လေးဟာလည်း တော်ဝင်ဘဲလ်ဖတ်ဆေးရုံမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဒီလိုလူမဆန်တဲ့ အဓမ္မမှုအတွက် အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးကို ဖမ်းဆီးထားပြီး အဓမ္မမှု၊ ကလေးငယ်တဦးကို အပြင်းအထန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။ အဓမ္မကျင့်ခံခဲ့ရတဲ့ ကလေးငယ်လေးဟာ ကောင်တီဒေါင်းမှာရှိတဲ့ အန်နာလောင် ဧရိယာမှဖြစ်တယ်လို့ ယူဆရပြီး တရားဥပဒေဆိုင်ရာ အကြောင်းပြချက်တွေကြောင့် နာမည်ကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။ ဒီအမှုကို နိုင်ငံရဲ့ ကြီးလေးသော မှုခင်းတိုက်ဖျက်ရေးအဖွဲ့က ကိုင်တွယ် ဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆထားသူကိုတော့ မက်ဟာဘယ်ရီထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒီအမျိုးသားကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ခေတ္တရုံးထုတ်စစ်ဆေးခဲ့ပြီး သူ့ရဲ့နာမည်ကို ဖော်ပြထားခြင်းမရှိသလို သူဟာ တိုက်ခိုက်ခံခဲ့ရတဲ့ ကလေးငယ်လေးနဲ့ တနည်းတဖုံ ဆက်စပ်မှု ရှိနေသလားဆိုတာကိုတော့ မသိရသးပါဘူး။ ဒီလို သီတင်းပတ်သား ကလေးငယ်တဦးကို အဓမ္မကျင့်တိုက်ခိုက်မှုဟာ မြောက်အိုင်ယာလန် တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဒီဖြစ်ရပ်အတွက် တရားခံလို့ ယူဆရသူကို အာမခံပေးဖို့ လက်ရှိအချိန်ထိ လျောက်ထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီဖြစ်ရပ်မှာ တရားခံလို့ယူဆရသူဟာ ဒီလိုလူမဆန်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပါတယ်လို့ ဝန်ခံထားခြင်း ရှိမရှိဆိုတာကိုလည်း လက်ရှိအချိန်ထိ မသိရသေးပါဘူး။
3 years Ago
More News
Up