အုပ်ချုပ်ရေးအဖွဲ့ဝင်

November 23, 2022

ပလက်ဝတွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးအား စစ်ကောင်စီ ထောင်ဒဏ် ၃ နှစ်စီချ

ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့မရပ်ကွက်က ရာအိမ်မှူးတယောက်နဲ့ ဆယ်အိမ်မှူးတယောက်တို့ကို ရက္ခိုင့်တပ်တော် (အေအေ) အတွက်ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွပ်ပြီး စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲကာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ပလက်ဝမြို့ မြို့မရပ်ကွက်က ရာအိမ်မှူး ဦးမောင်ဝင်းနဲ့ ဆယ်အိမ်မှူး ဦးမောင်မဲကျော့တို့ ဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက“ သူတို့နှစ်ဦးလုံးက ရပ်ကွက်ထဲမှာ ရိုးရိုးသားသား လုပ်စားနေကြတာ ဖြစ်တယ်။ တရားရင်ဆိုင်နေတုန်းမှာလည်း ငွေကြေးမတတ်နိုင်ကြလို့ ရှေ့နေတွေတောင် မငှားနိုင်ခဲ့ကြဘူး။”လို့ပြောပါတယ်။

ဦးမောင်ဝင်းနဲ့ ဦးမောင်မဲ့ကျောတို့ကို ဇွန်လကတည်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ခမရ ၂၈၉ တပ်ရင်းက ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုလုပ်ကာ ၅ လကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ စီးပွားရေးသမားတွေနဲ့ အရပ်သားရာချီ ဖမ်းဆီးထားပြီး ဥပဒေအမျိုးအမျိုးတပ်ကာ တရားစွဲဆိုထားတာတွေ ရှိပါတယ်။

2 months Ago

October 27, 2021

လှိုင်သာယာတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်မှာ အောက်တိုဘာ ၂၆ ရက် ည ၇ နာရီလောက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူမှာ ၁၈ ရပ်ကွက်က ရာအိမ်မှူး ဦးဘိုနီ ဆိုသူဖြစ်ပြီး အိမ်ရှေ့မှာ ထိုင်နေစဥ် အမည်မသိ လူတစ်စုက သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“သူ့အိမ်ရှေ့မှာ ထိုင်နေတုန်းပစ်ခံရတာ။ သွေးတွေကိုအိုင်နေတာပဲ။ စစ်တပ်ကလာရင် ဖမ်းခံရမှာစိုးလို့ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ သေလား ရှင်လားတော့ မသိဘူး၊ ထိုင်နေတာဆိုတော့ ပစ်တဲ့ ၂ ချက်လုံး ထိသွားတာ” လို့ အနီးအနားရောက်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာကာ  စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ဦးဘိုနီကို ဆေးရုံကားနဲ့ အရေးပေါ်ခေါ်ဆောင်သွား​တယ်လို့ ဆိုပါတယ်။

1 year Ago
Up