အုပ်ချုပ်ရေးမှူးရုံး

October 5, 2021

မော်လမြိုင်က အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲလို လုံခြုံရေးလာယူနေတဲ့ ရုံး တစ်ခု ဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို မော်လမြိုင် တပ်မတော် ကုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်းထားတယ်လို့ သိရပါတယ်။

လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲမှုကို မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ပူးပေါင်လုပ်ဆောင်လို့ ဆိုပါတယ်။

2 weeks Ago

September 10, 2021

လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းအပစ်ခံရပြီး မီးလောင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ စက်တင်ဘာ ၁၀ ရက်မှာ မီးပုလင်းနဲ့အပစ်ခံခဲ့ရပြီး အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့လယ် ၂ နာရီကျော်လောက်က မီးပုလင်းနဲ့ အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးရုံ အဆောက်အအုံ အနည်းငယ်မီးလောင်သွားပေမဲ့ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။  မီးပုလင်းပစ်တဲ့သူကိုလည်း ဖမ်းမမိလိုက်ဘူးလို့ သိရပါတယ်။

1 month Ago
More News
Up