အုပ်ထိန်းသူမဲ့

January 12, 2019

အုပ်ထိန်းသူမဲ့ လျှောက်သွားနေသည့် ကလေးငယ်ကို ကားဒရိုက်ဘာက ကယ်တင်

အမေရိကန်နိုင်ငံ ၀ီလ်ကွန်ဆင်ပြည်နယ် မီဝေါကီကောင်တီမှာ ပြီးခဲ့တဲ့လတုန်းက အုပ်ထိန်းသူမပါဘဲ ရေခဲအမှတ်အောက် လျှောက်သွားနေတဲ့ ကလေးငယ်တဦးကို တာဝန်သိ ဘတ်စ်ကားဒရိုင်ဘာ တစ်ဦးက ကယ်ဆယ်ခဲ့ပါတယ်။ (MCTS) ယာဉ်လိုင်းက   ဘတ်စ်ကား ဒရိုင်ဘာ အိုင်ရီနာအီဗစ်ဟာ အုပ်ထိန်းသူမပါဘဲ လမ်းမပေါ် လျှောက်သွားနေတဲ့ မိန်းကလေးတဦးကို ကားမောင်းရင်း မြင်တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ သူဟာ မောင်းနေတဲ့ဘတ်စ်ကားကို ခေတ္တရပ်ပြီး ကလေးငယ်ကို ခေါ်ယူလာခဲ့ပါတယ်။ ဘတ်စ်ကားပေါ်က ခရီးသည် တဦးကလည်း ကလေးငယ် နွေးထွေးစေဖို့ ကုတ်အင်္ကျီ ချွတ်ပေးခဲ့ပါတယ်။ အဆိုပါ ကလေးငယ်ဟာ ရေခဲမှတ်အောက် အပူချိန်မှာ လျှောက်သွားခဲ့တဲ့အတွက် တကိုယ်လုံး အေးစက်နေတယ်လို့ (MCTS) ယာဉ်လိုင်း ၀က်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ ကလေးငယ်ဟာ စိတ်ကျန်းမာရေး ချွတ်ယွင်းပုံရတဲ့ မိခင်ဖြစ်သူနဲ့ အပြင်ဘက်မှာရှိခဲ့ပြီး နောက်ပိုင်း ကလေးငယ်ရဲ့ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က  ပြောကြား ပါတယ်။
2 years Ago
Up