အီဗရာဟီမိုဗစ်

September 8, 2016

အီဗရာဟီမိုဗစ် ခြေစွမ်းကောင်းမွန်နေဆဲဟု အသင်းဖော်ဟောင်း ပြော

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ နေမာ၊ ဆွာရက်ဇ်တို့လို ခြေစွမ်းကောင်းမွန်နေသေးတယ်လို့ အသင်းဖော်ဟောင်း ဇမ်ဘရောတာက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ မန်ယူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ အီဗရာဟီမိုဗစ်ဟာ မန်ယူအတွက် သုံးပွဲကစား သုံးဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အီဗရာဟီမိုဗစ်ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဆွာရက်ဇ်တို့လိုမျိုး ခြေစွမ်းပိုင်ဆိုင်ထားတယ်လို့ ဇမ်ဘရောတာက ပြောခဲ့တာပါ။ အီဗရာဟီမိုဗစ်ဟာ အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ကစားဖူးခဲ့ပြီး အသင်းတိုင်းနဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပါတယ်။
5 years Ago

June 30, 2016

တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို မန်ယူ စာချုပ် ချုပ်ရန် နီးစပ်

ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ မန်ယူကို ပြောင်းရွှေ့ရေးဟာ ဒီတပတ်အကုန်မှာ ဖြစ်လာဖို့ ရှိတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို စွန့်ခွာလာတဲ့ အီဗရာဟီမိုဗစ်ဟာ မန်ယူအသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။ အကယ်၍ စာချုပ် ချုပ်ဆိုဖြစ်ခဲ့ရင် မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာပါ။ မန်ယူဟာ ဒေါ့မွန်ကလပ် ကွင်းလယ်ကစားသမားဖြစ်တဲ့ မစ်ခီတာရန်ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ မန်ယူကခေါ်ယူမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ၃၈ ဂိုး သွင်းပေးထားပါတယ်။
5 years Ago
Up