အီဗရာဟီမိုဗစ်

January 27, 2021

မီလန်ဒါဘီပွဲစဉ်တွင် တိုက်စစ်မှူးလူကာကူနှင့် အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွား

မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲ  မီလန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

အင်တာတိုက်စစ်မှူး လူကာကူနဲ့ အေစီတိုက်စစ်မှူး မိုဗစ်တို့ဟာ ပထမပိုင်းပြီးခါနီးမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ 

လူကာကူကို အေစီမီလန်အသင်းခေါင်းဆောင် ရိုမန်နိုလီက ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ လူကာကူနဲ့ မိုဗစ်တို့ဟာ ခေါင်းချင်းဆိုင်ပြီး ထိပ်တိုက်တွန်းခဲ့ကြလို့ ၂ ဦးစလုံး အဝါကတ် ကိုယ်စီပြသခံခဲ့ရပါတယ်။

ပထမပိုင်းအပြီး အဝတ်လဲခန်းထဲဝင်ချိန်မှာ လူကာကူက မိုဗစ်ကို ဆဲဆိုခဲ့ပြီး မိုဗစ်ကလည်း အစောပိုင်းကတည်းက လူကာကူကို ဆဲဆိုထားခဲ့တယ်လို့ သိရပါတယ်။ 

ဒီပွဲမှာ အင်တာမီလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အေစီမီလန်အတွက် ဦးဆောင်ဂိုး စတင်သွင်းခဲ့တဲ့ မိုဗစ်ဟာ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်မှာတော့ ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဝါကတ်ပြခံခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ဟာ မန်ယူနိုက်တက်အသင်းမှာ အတူကစားခဲ့ဖူးပြီး မီလန်ဒါဘီမှာ ပြန်လည်တွေ့ဆုံရာမှာတော့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

6 months Ago

November 10, 2020

ဆွီဒင်အတွက် ပြန်လည်ကစားပေးရန် အစီအစဉ်မရှိကြောင်း အီဗရာဟီမိုဗစ် ပြော

ဆွီဒင် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးဖို့မရှိကြောင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးကတည်းက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာပါ။  လက်ရှိအချိန်မှာ အီတလီကလပ်အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနေပြီး စီးရီးအေ ၅ ပွဲ၊ ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်မယ့်အချိန်မှာ ဆွီဒင်အသင်းဂျာစီနဲ့ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ထားတဲ့ပုံကို အီဗရာဟီမိုဗစ်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဒီလိုပုံ မတွေ့ရတာကြာပြီဆိုတဲ့ စာသားလည်း တင်ခဲ့တာပါ။  ဒါကြောင့် ဆွီဒင်အသင်းမှာ ပြန်ကစားချင်နေတဲ့ သဘောလို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြတာပါ။ မိုဗစ်ကတော့ ဆွီဒင်က လူတချို့ကို မခံချိမခံသာဖြစ်အောင် စနောက်တာသာဖြစ်ပြီး လက်ရွေးစင်မှာ ပြန်ကစားဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
9 months Ago
More News
Up