အီတလီဘောလုံးရုပ်သံ

October 14, 2015

လုပ်ပွဲကြောင့် အီတလီဘောလုံးရုပ်သံလိုင်း ထုတ်လွှင့်ခွင့် သဘောတူညီချက် စစ်ဆေးခံရ

ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌနေရာကနေ ဆိုင်းငံ့ထားခြင်း ခံနေရတဲ့ ဆပ်ဘလတ္တာရဲ့တူ ဦးဆောင်နေတဲ့ အားကစား အဂျင်စီက ရုပ်သံလိုင်းထုတ်လွှင့်ခွင့်အတွက် လုပ်ပွဲကစားတယ် ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးခံနေရပါတယ်။ ၂၀၁၅-၁၈ ခုနှစ် အီတလီ စီးရီးအေ ဘောလုံးပွဲထုတ်လွှင့်ခွင့် ရောင်းချမှုနဲ့ ပတ်သက်ပြီး မီလန်က တရားလိုတွေက အင်းဖောင့်ကုမ္ပဏီ အီတလီရုံးခွဲက တာဝန်ရှိသူတွေကို စစ်ဆေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ အီတလီ ရုံးခွဲက အကြီးအကဲတဦးနဲ့ အပေါင်းအပါ ၂ ဦးကို စစ်ဆေးနေတာလို့ ကုမ္ပဏီက အတည်ပြု ထုတ်ပြန်ပါတယ်။ ကုမ္ပဏီအနေနဲ့ စစ်ဆေးတာမခံရသလို ကုမ္ပဏီနဲ့ စီမံခန့်ခွဲမှုအဖွဲ့က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စွဲဆိုချက်တွေနဲ့ ပတ်သက်လို့ တိကျသေချာအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အီတလီသတင်းဌာနကတော့ ရှုးပတ်မားဒေါ့ ထိန်းချုပ်ထားတဲ့  စကိုင်း၊ ဘာလူစကူနီ ရဲ့ မီဒီယာဆက်တွေကို အီတလီစီးရီးအေ ၂၀၁၅-၁၈ ရုပ်သံထုတ်လွှင့်ခွင့်ကို ယူရို၉၄၃ သန်းနဲ့ ရောင်းချတယ်လို့ ရေးပါတယ်။ ဒီရုပ်သံထုတ်လွှင့်ခွင်ဟာ အစောပိုင်းက ယူရို ၁၁၄ သန်းနဲ့ သဘောတူထားတာ ဖြစ်ပြီး ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်ကိစ္စကို အီတလီရုံးခွဲအကြီးအကဲ မာကို ဘိုဂါရီလီက အတည်ပြုလုပ်ဆောင်ထားတယ်လို့ ရေးပါတယ်။ ဆွစ်ဇာလန် အခြေစိုက် အားကစားဈေးကွက်နဲ့ မီဒီယာ ကုမ္ပဏီ အင်းဖောင့်ကို ဖိလစ်ပီ ဘလတ္တာက ဦးဆောင် လည်ပတ်နေတာ ဖြစ်ပါတယ်။
6 years Ago
Up