အီတလီနိုင်ငံ

October 27, 2020

မြန်မာအမျိုးသမီးများကို ကူညီရန် အီတလီနိုင်ငံက ယူရို ၄ သိန်း ထောက်ပံ့

မြန်မာနိုင်ငံ ပြည်နယ် ၆ ခုက အမျိုးသမီးတွေကို ကူညီဖို့ အီတလီနိုင်ငံကနေ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကို ယူရိုငွေ ၄ သိန်း ထောက်ပံ့လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ် Ms. Alessandra Schiavo နဲ့ UNFPA မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ramanathan Balakrishnan တို့ဟာ ဒီသဘောတူတူညီချက်ကို လက်မှတ်ထိုးလိုက်တယ်လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒါဟာ UNFPA ရဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးများပထမအစီအစဉ် - အဆင့် ၂ ကို ထောက်ပံ့ဖို့ ဖြစ်ပြီး ကချင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်နဲ့ ကယားပြည်နယ်တို့က မိန်းကလေးတွေကို ကူညီမှာ ဖြစ်ပါတယ်။ UNFPA၊ ကုလသမဂ္ဂ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးအေဂျင်စီအနေနဲ့ အထိခိုက်မခံဆုံး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် လိင်ကိုအခြေပြု အကြမ်းဖက်မှုဆိုင်ရာ၊ လိင်နဲ့ မျိုးဆက်ပွား ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတို့ကို အမျိုးသမီးတွေနဲ့ မိန်းကလေး စင်တာ ၃၃ ခုနဲ့ ရခိုင်၊ ကချင်၊ ကယား၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လုပ်နေပါတယ်။ အီတလီဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးများပထမအစီအစဉ် အဆင့် ၁ အတွက် ယူရို ၈ သိန်း ထောက်ပံ့ထားခဲ့ပြီး ဒီအစီအစဉ်ကို သြစတြေးလျ၊ အီးယူ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီနဲ့ ဆွီဒင်နိုင်ငံတို့က ထောက်ပံ့ကူညီထားပါတယ်။
9 months Ago

February 6, 2020

အီတလီတွင် မြန်နှုန်းမြင့် ရထားတစီး လမ်းချော်၊ ၂ ဦးသေဆုံး ၂၇ ဦး ဒဏ်ရာရ

အီတလီနိုင်ငံမြောက်ပိုင်း လိုဒီခရိုင်အတွင်း ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းမှာ မြန်နှုန်းမြင့် ရထားတစီး လမ်းချော်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ မီလန်မြို့နဲ့ ဘိုလော့နာ မြို့ကြား ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ မီးရထားအရာရှိတွေက ပြောပါတယ်။ အရေးပေါ်ဝန်ထမ်းတွေ အခင်းဖြစ်ရာကို ရောက်ရှိခဲ့ကြကာ ရထားဝန်ထမ်း ၂ ဦး သေဆုံးပြီး လူ ၂၇ ယောက် ဒဏ်ရာရတယ်လို့ စကိုင်းအီတာလျံ ရုပ်သံက ပြောပါတယ်။ ရထားဟာ အီတလီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မီလန်နဲ့ ၂၅ မိုင်အကွာ မနက် ငါးနာရီခွဲလောက်မှာ လမ်းချော်ခဲ့တာလို့ အစိုးရ ရထားလုပ်ငန်းက ကြေညာချက် ထုတ်ပြန်ပါတယ်။  လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ကြေညာချက်က ဆိုပါတယ်။
1 year Ago
More News
Up