အိန္ဒိယရေတပ်

December 30, 2018

ပိတ်မိကျောက်မီးသွေးလုပ်သားများကို ကယ်ဆယ်ရန် အိန္ဒိယရေတပ် ရေငုပ်သမားများ ရောက်ရှိ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မေဂါလေယာပြည်နယ် ကေစံမြို့က ကျောက်မီးသွေးတွင်းကနေ တွင်းသားတွေကို ကယ်ဖို့ ရေတပ်က ရေငုပ်သမားတွေဟာ ဖိအားမြင့် ရေစုပ်စက်တွေနဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ရောက်ရှိလာပြီး ဒီနေ့စတင် ကယ်ဆယ်ရေး လုပ်မှာဖြစ်ပါတယ်။ တရားမဝင် သတ္ထုတွင်းထဲမှာ ရေကြီးခဲ့လို့ တွင်းသား ၁၅ ယောက်ဟာ ဒီဇင်ဘာ ၁၃ ရက်တည်းက မြေအောက်မှာ ပိတ်မိနေခဲ့တာပါ။ သြရိဿ မီးသတ်ဌာနက အရေးပေါ် ကယ်ဆယ်ရေးသမားတွေကလည်း ရေစုပ်စက် ဆယ်လုံးနဲ့ လာခဲ့ကြတယ်လို့ အိန္ဒိယအမျိုးသား ကပ်ဘေးတုံ့ပြန်ရေးတပ်က လက်ထောက် ဦးစီးမှူး စန်တို့ရှ်ကူမား ဆင်းဂ်က ပြောပါတယ်။ ထောင့်တိုင်းကို စစ်ဆေးမပြီးမချင်း တွင်းသားတွေ သေပြီဆိုပြီး ပြောမှာ မဟုတ်ဘူးလို့ အိန္ဒိယ ကျောက်မီးသွေးလုပ်ငန်းရဲ့ အငြိမ်းစား အင်ဂျင်နီယာချုပ် ဂျက်စ်ဝန့် ဆင်းဂ်ဂီးလ်က ပြောပါတယ်။ ကယ်ဆယ်ရေးမစခင် စစ်ဆေးဖို့ ရေလွှမ်းနေတဲ့ တွင်းထဲကို ရေတပ် ရေငုပ် ကျွမ်းကျင်သူတွေ ဆင်းကြည့်ခဲ့ပါတယ်။ တရားမဝင် ကြွက်တွင်း ကျောက်မီးသွေးတွင်းတွေဟာ ဒီပြည်နယ်အတွက် သမားရိုးကျ လုပ်ငန်းပါ ကလေးတွေ အပါအဝင် အလုပ်သမားတွေဟာ ပေရာချီနက်တဲ့ တွင်းထဲကို ဝါးလှေကားနဲ့ ဆင်းပြီး ကျောက်မီးသွေးတွေ တူးယူကြလို့ မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။
2 years Ago
Up