အိုင်အမ်အက်ဖ်

February 27, 2020

အိုင်အမ်အက်ဖ်နှင့်ကမ္ဘာ့ဘဏ်အစည်းအဝေးများ နည်းပညာသုံးရန် စဉ်းစား

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို စိုးရိမ်မှုတိုးနေလို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) နဲ့ ကမ္ဘာ့ဘဏ်တွေဟာ ဧပြီလကျင်းပမယ့် နွေဦးအစည်းအဝေးတွေကို ချုံ့ဖို့နဲ့ တယ်လီကွန်နည်းပညာသုံး ညီလာခံတွေ ကျင်းပဖို့ စဉ်းစားခဲ့ပါတယ်။ ဧပြီ ၁၇ ကနေ ၁၉ ရက်ထိ ကျင်းပမယ့် နွေဦးအစည်းအဝေးတွေကို ကမ္ဘာတလွှားက အရပ်ဘက် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ၊ စီးပွားရေးသမားတွေ သတင်းထောက်တွေနဲ့ အစိုးရ အရာရှိတွေ အယောက် ၁ သောင်းလောက် တက်ဖို့ စီစဉ်ထားပါတယ်။ IMF နဲ့ ကမ္ဘာ့ဘဏ်တွေရဲ့ ဌာနချုပ်တွေဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရဲ့ မြို့လယ်မှာ တည်ရှိပါတယ်။   
1 year Ago
Up