အိုင်ဗရီကို့စ်

November 8, 2020

စင်ပြိုင်အစိုးရဖွဲ့မှုဖြင့် အိုင်ဗရီကို့စ် ဝန်ကြီးချုပ်ဟောင်း ဖမ်းခံရ

စင်ပြိုင်အစိုးရဖွဲ့မှုနဲ့ အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပတ်စ်ကယ်အက်ဖီအန်ဂတ်ဆန်ဟာ  နိုဝင်ဘာ ၇ ရက်မှာ ဖမ်းဆီးခံရပါတယ်။ နိုဝင်ဘာ ၆ ရက်မှာ ရဲတပ်ဖွဲ့က သူ့ကို ရှာဖွေရေးလုပ်တယ်လို့ အစိုးရရှေ့နေက အတည်ပြုပြီးနောက် ညတွင်းချင်းပဲ  အက်ဖီဟာ အဖမ်းခံရတာပါ။  ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် အိုင်ဗရီကို့စ်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ဒါဇင်ကျော်ကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ အာဏာပိုင်တွေက စွဲချက်တင်သွားမှာပါ။  အဲဒီရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဝယ်သာဟာက တတိယသက်တမ်း အနိုင်ရပြီး အသွင်ကူးပြောင်းရေးကောင်စီဖွဲ့နေတယ်လို့ ကြေညာထားပါတယ်။  အတိုက်အခံခေါင်းဆောင် အက်ဖီကတော့ သမ္မတ လူဝမ့်ဘက်ကီဘိုလက်ထက်   ၂၀၀၀-၂၀၀၃- ခုနှစ်အတွင်း ဝန်ကြီးချုပ် တာဝန်ထမ်းခဲ့ပါတယ်။  အဲဒီနောက်  ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ  ဝယ်သာဟာကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆိုခဲ့ ပြီးနောက် ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး လူပေါင်း ၃၀၀၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago

August 15, 2020

လူ ၅ ဦးသေဆုံးခဲ့ပြီးနောက် အိုင်ဗရီကို့စ် ဆန္ဒပြပွဲ တင်းမာမှုအရှိန်မြင့်တက်လာ 

အိုင်ဗရီကို့စ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၅ ယောက် ထက်မနည်းရှိလာပြီး    သြဂုတ်လ ၁၄ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား တင်းမာမှုတွေ ဆက်မြင့်တက်နေပါတယ်။ တတိယသက်တမ်း ဝင်အရွေးခံမယ့်   အိုင်ဗရီကို့စ်သမ္မတ  အလက်ဇန်းဝယ်သာဟာကို ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြနေတာပါ။ သြဂုတ်လ ၁၄ ရက် မနက်မှာတော့    မြို့တော်အဘီဂျန်အပြင်ဘက် ဘွန်နူဝါမြို့ ရဲစခန်းဟာ  အုတ်ပုံတစ်ခု ဖြစ်သွားပြီး  ရဲတပ်ဖွဲ့ယာဉ်တွေဟာလည်း မီးကျွမ်းနေပါတယ်။ မြို့တော်အဘီဂျန်မှာတော့ ဆန္ဒပြသူတွေက ဘတ်စ်ကား တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။   သြဂုတ်လ ၁၃ ရက်ညမှာ  ဆန္ဒပြသူတွေက  ရဲစခန်းကို ဝင်စီးပြီး ကျည်အစစ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တဲ့ လူငယ်ရဲ့ ရုပ်အလောင်းကို သမ္မတ နန်းတော်ဆီ သယ်သွားခဲ့ပါတယ်။  အဲဒီနောက်မှာ   ဘွန်နူဝါမြို့ကို အကူရဲတပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေက  သမ္မတ ဝယ်သာ မနုတ်ထွက်မချင်း  အောက်တိုဘာရွေးကောက်ပွဲအထိ ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။ 
12 months Ago
Up