အိမ်တွင်း

January 1, 2021

ဂျာမနီ၌ အိမ်တွင်း မီးပန်း ပစ်ဖောက်သဖြင့် မီးလောင်မှုများ ဖြစ်

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်လွှတ်တာကို တားမြစ်ထား ပေမဲ့ မြို့သူမြို့သားတွေက နေအိမ်လသာဆောင်တွေမှာ မီးပန်းတွေ ပစ်ဖောက်လို့ အိမ်တွင်း မီးလောင်မှု ဒါဇင်ချီ ဖြစ်ပွားခဲ့ပါတယ်။  ဒီဇင်ဘာ ၃၁ ရက်ညသန်းခေါင်နဲ့ ၆ မိနစ်အကြာမှာ ဘာလင်မီးသတ်ဌာနကို မီးလောင်မှု ၁၈ ခု အကြောင်းကြားခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။  မီးလောင်မှုတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမျိုး မရှိဘူးလို့လည်း မီးသတ်တပ်ဖွဲ့ က ဆိုပါတယ်။  ခါတိုင်းနှစ်သစ်ကူးညတွေမှာ မြို့သူမြို့သားတွေ လမ်းပေါ်ထွက်ပြီး မီးရှူးမီးပန်း ပစ်လွှတ်ပေမဲ့ ဒီနှစ်သစ်ကူးမှာ လူစုလူဝေးမဖြစ်အောင် အများပြည်သူဆိုင်ရာ နေရာတွေမှာ မီးပန်း ပစ်ဖောက်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။  မီးရှူးမီးပန်းရောင်းချတာကိုလည်း ဒီဇင်ဘာ ၃၁ ရက်အထိ တားမြစ်ထားပါတယ်။ လော့ဒေါင်းချထားတဲ့ ဘာလင်မြို့မှာ မရှိမဖြစ် ကုန်စည်တွေရောင်းချတဲ့ ဆိုင်တွေကိုသာ ဇန်နဝါရီ ၁၀ ရက်အထိ ဖွင့်ခွင့်ပြုထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။    
4 months Ago

April 17, 2020

ပြည်သူများ အနည်းဆုံးသုံးပတ် အိမ်တွင်းထပ်နေရန် ဗြိတိန် ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ပြည်သူတွေအနေနဲ့ အနည်းဆုံးနောက်ထပ် သုံးပတ် အိမ်ထဲနေရဦးမယ်လို့ ဗြိတိန်အစိုးရက ဧပြီ ၁၆  ရက်မှာ ကြေညာလိုက်ပါတယ်။  ဗြိတိန်ဟာ တနိုင်ငံလုံးပိတ်ဆို့မှု လော့ဒေါင်းကို နောက်ထပ်သုံးပတ် ထပ်မံတိုးမြှင့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရတ်ဘ်က ကြေညာလိုက်တာပါ။  ဝန်ကြီးက သုံးသပ်ချက်တွေအရ နိုင်ငံတွင်းဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းဟာ ထင်သလောက် မကျသေးတာမို့  လက်ရှိပြဋ္ဌာန်းထားတဲ့စည်းကမ်းတွေကို ဖြေလျှော့လိုက်ရင် လူထုကျန်းမာရေးနဲ့ စီးပွားရေး နှစ်ခုစလုံးကို ထိခိုက်နိုင်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူသေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ဗြိတိန်ဟာ ပဉ္စမအဆင့်ရှိနေတာပါ။  ဗြိတိန်မှာ လက်ရှိ ကူးစက်ခံရသူဦးရေ ၁၃၀၀၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေေလည်း ၁၃၀၀၀ ကျော် ရှိထားပါတယ်။  ဗြိတိန်ဟာ မတ်လ ၂၃ ရက်ကစလို့ ကနဦး တနိုင်ငံလုံးသုံးပတ်ကြာပိတ်ဆို့မှု  လော့ဒေါင်း လုပ်ခဲ့တာလို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။ 
1 year Ago
Up