အိန္ဒိယနိုင်ငံ

May 11, 2021

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းခွဲကျော်ရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့အရေအတွက် မြင့်တက်နေဆဲဖြစ်ကာ လက်ရှိအချိန်ထိ နိုင်ငံတဝန်း သေဆုံးသူအရေအတွက် ၂ သိန်းခွဲကျော်ထိ  ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၅၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၃ ဒသမ ၃ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၃၇ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၉ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၃ သန်းနီးပါး၊ သေဆုံးသူ ၂ သိန်းခွဲကျော်နဲ့ ရှိနေတာ ဖြစ် ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅ ဒသ မ ၂ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်း ကျော်စီ၊ ရုရှား၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ စပိန်၊ ဂျာမ နီနဲ့ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ အီ ရန်၊ မက္ကဆီကိုနဲ့ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပီရူး၊ အင်ဒိုနီးရှား၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ နယ် သာလန်၊ ကနေဒါ၊ ချီလီ၊ အီရတ်၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံတွေနဲ့အ တူ ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံ တွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၉၆၃ ယောက်၊ သေဆုံးသူ ၃,၂၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၀၄၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၁,၇၀၀ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၈ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၂၁ ယောက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၁ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၂၆ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၄၆၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၁,၃၂၇ ယောက်နဲ့ သေဆုံးလူနာ ၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

6 days Ago

August 7, 2020

အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့  

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတန်း အတည်ပြုလူနာပေါင်း ၃၅၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။  အဆိုပါလူနာသစ်တွေကတော့ စစ်ကိုင်းတိုင်း ကလေးမြို့က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့  ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ကလည်း  ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပါတယ်။  မနေ့ညက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်အဖြစ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၄၀ ခုမှာ လူနာသစ် နှစ်ဦး တွေ့ရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ဩဂုတ် ၇ ရက် မနက် ၈ နာရီအထိ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၃၅၉  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၈ ဦးနဲ့ ဒီအထဲက  ၂၉၀ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
9 months Ago
More News
Up