အာဖရိကအကောင်းဆုံးကစားသမား

January 9, 2019

လီဗာပူးတိုက်စစ်မှူး ဆာလက် အာဖရိက အကောင်းဆုံးကစားသမားဆု ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ ၂၀၁၈ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။ သူဟာ ဒီဆုကို အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်းနဲ့ လီဗာပူးအသင်းဖော် မာနေးတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ အာဖရိက အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ်မိတယ်လို့ ဆာလက်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲနှစ် ဒီဆုရခဲ့တုန်းက ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ နှစ်ဆက်ရဖို့ မလွယ်ကူဘူးလို့ ပြောခဲ့ကြပေမယ့် ဒီနှစ်မှာ ဆုထပ်ရခဲ့လို့ ဂုဏ်ယူကျေနပ်မိတယ်လို့ ဆာလက်က ပြောကြားခဲ့တာပါ။ ဆာလက်ဟာ ၂၀၁၇ ခုနှစ်အတွက် အာဖရိက အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြီး နှစ်ကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အာဖရိက အကောင်းဆုံးအသင်းကို ရွေးချယ်ရာမှာတော့ တိုက်စစ်မှာ ဆာလက်၊ အူဘာမီယန်း၊ မာနေး၊ ကွင်းလယ်မှာ မာရက်ဇ်၊ ကီတာနဲ့ အက်သလက်တီကိုက ပါတေတို့ ရွေးချယ်ခံရပါတယ်။ ဂိုးသမားနေရာမှာ ယူဂန္ဓာက အိုရန်ဂို၊ နောက်တန်းမှာ စပါးက အော်ရီယာ၊ ဂျူဗီက ဘာနီတာ၊ မန်ယူက ဘိုင်ယီနဲ့ နာပိုလီက ကိုလီဘာလီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ အာဖရိက အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဒေါ့မွန်မှာ ကစားနေတဲ့ ရီးရဲလ်နောက်ခံလူ ဟတ်ကီမီက ရရှိသွားပါတယ်။
2 years Ago
Up