အာဖဂန်အရှေ့ပိုင်း

December 19, 2020

အာဖဂန်အရှေ့ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး  ၁၅ ဦးသေဆုံး

အာဖဂန်အရှေ့ပိုင်းဂတ်ဇ်နီပြည်နယ်မှာ ဒီဇင်ဘာ ၁၉ ရက် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၁၅ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ပေါက်ကွဲမှုဟာ ကိုရန်ကျမ်းစာဖတ်ပွဲ ပြုလုပ်နေတဲ့ ရွာက အိမ်တစ်လုံး အနီး ဖြစ်ခဲ့တာပါ။ သုံးဘီးကားတစ်စီးရဲ့နောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပေမဲ့ ပေါက်ကွဲအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ဒေသခံတစ်ဦးကတော့ မပေါက်ကွဲသေးတဲ့ ပစ္စည်းတစ်ခုကို ကလေးငယ်တွေက ဈေးသည် တစ်ယောက်ဆီမှာ သွားရောင်းရာကနေ ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။  ပေါက်ကွဲမှုဟာ မတော်တဆ ဖြစ်နိုင်တယ်လို့ တာလီဘန်စစ်သွေးကြွတွေက ဆိုပါတယ်။  ရွာထဲကို သုံးဘီးကားဝင်လာပြီး ကားဘေးပတ်လည် ကလေးတွေ ဝန်းရံချိန်မှာ ပေါက်ကွဲခဲ့တယ်လို့လည်း ဂတ်ဇ်နီပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး အေပီသတင်းမှာ  ဖော်ပြပါတယ်။
5 months Ago
Up