အာဖဂန်သမ္မတ

August 1, 2020

တာလီဘန် အကျဉ်းသား ၅၀၀ ပြန်လွှတ်ပေးရန် အာဖဂန်သမ္မတ အမိန့်ထုတ်

အာဖဂန်နစ္စတန် သမ္မတအာရှရက်ဖ်ဂါနီဟာ မွတ်စလင်တို့ရဲ့ အထွတ်မြတ်ဆုံး ပွဲတော်ဖြစ်တဲ့ အိဒ်အယ်လ်အဒ်ဟာ ပွဲတော်ကို သမ္မတ နန်းတော်မှာ ဇူလိုင် ၃၁ ရက်က တက်ရောက်ခဲ့ပါတယ်။  တာလီဘန်တွေက ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာအပြီးမှာ သမ္မတက နိုင်ငံတွင်း လတ်တလော တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုံ့ချခဲ့ပြီး တာလီဘန် အကျဉ်းသား အယောက် ၅၀၀ ကို ပြန်လွှတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး မကြေညာခင် ဇူလိုင် ၃၀ က အာဖဂန် အရှေ့ပိုင်း ကားဗုံးခွဲမှုအတွင်း အာဖဂန် လုံခြုံရေး အရာရှိတွေ အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သမ္မတ နန်းတော်ရဲ့ အပြင်ဘက်မှာ ကဘူးလ်ဒေသခံတွေက အိဒ်ပွဲတော်မှာ စွန့်လွှတ်မယ့် မွေးမြူရေး တိရစ္ဆာန်တွေ ရောင်းတဲ့ဈေးကို ဖန်တီးစုရုံးခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မျှော်လင့်နေပါတယ်။
9 months Ago

May 18, 2020

အာဖဂန်သမ္မတ နှင့် ပြိုင်ဘက် အဘ်ဒူလာတို့ အာဏာခွဲဝေ

အာဖဂန်နစ္စတန် သမ္မတ အဲ့ရှ်ရဲ့ဖ်ဂါနီနဲ့ သူ့ပြိုင်ဘက် အဘ်ဒူလာတို့ အာဏာခွဲဝေရေး သဘောတူညီချက်ကို မေလ ၁၇ ရက်က လက်မှတ်ရေးထိုးပါတယ်။  ဒါကြောင့် လချီကြာနေတဲ့ နိုင်ငံရေး သောင်တင်ရေမကျဖြစ်မှု အဆုံးသတ်ပြီး ကာလရှည် စစ်ပွဲအဆုံးသတ်ရေး အားထုတ်မှုတွေ ချောမွေ့စေဖို့ ခြေတလှမ်း လှမ်းနိုင်လိုက်ပါတယ်။  အဘ်ဒူလာက တာလီဘန်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ကောင်စီကို ဦးဆောင်မှာဖြစ်ပြီး သူ့အဖွဲ့ဝင်တွေဟာလည်း အစိုးရအဖွဲ့ထဲမှာ ပါလာမယ်လို့ အရာရှိတွေက ပြောပါတယ်။  ဒါပေမယ့် ဘယ်ဝန်ကြီးဌာနတွေကို အဘ်ဒူလာရဲ့အဖွဲ့ဝင်တွေ ထိန်းချုပ်မလဲ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။  အဘ်ဒူလာဟာ စက်တင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းခဲ့ပြီး ဒီနှစ်အစောပိုင်းမှာ စင်ပြိုင် အစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သူပါ။  ၁၉ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးယူမယ့် လုပ်ငန်း စဉ်ကို အမေရိကန်အစိုးရက ရှေ့တိုးချဉ်းကပ်ဖို့ ကြိုးစားနေချိန်မှာ ဂါနီရဲ့ အုပ်ချုပ်မှုကို လှိုက်စားခဲ့ပါတယ်။ 
12 months Ago
More News
Up