အာဖဂန်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်ပေး

May 14, 2015

အာဖဂန် ဧည့်ဂေဟာတခုကို သေနတ်သမားများ စီးနင်း၊ လူ ၅ ဦးသေ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ သေနတ်သမားတွေက နိုင်ငံခြားသားတွေ ကြိုက်တဲ့ ဧည့်ရိပ်သာတဆောင်ကို စီနင်းခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ မေ ၁၃ ရက်က တေးဂီတပွဲတခု မတိုင်မီ ည ၈ နာရီလောက်က ပတ်ခ် ပဲလေ့စ် ဟိုတယ်ကို စီးနင်း တိုက်ခိုက်ခဲ့သလို ၅ နာရီနီးပါး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကဘူးလ် ရဲအရာရှိက ပြောပါတယ်။ လူ ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့သလို တိုက်ခိုက်တဲ့သူ တဦးကို ရဲတွေက အသေပစ်ခတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီအထဲမှာ အမေရိကန် နိုင်ငံသား ၁ ဦးနဲ့ အိန္ဒိယ နိုင်ငံသား ၁ ဦးတို့ ပါဝင်နေပါတယ်။ အရင်နှစ် ကဘူးလ်မှာ တာလီဘန် တိုက်ခိုက်ရေးသမားတွေ တိုက်ခိုက်မှုနဲ့ ဆင်တူတယ်လို့လည်း ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ဧည့်ရိပ်သာ တည်ရှိရာ ကိုလိုလာ ပွတ်ရှ်တာ ရပ်ကွက်ဟာ နိုင်ငံတကာ ဧည့်ရိပ်သာတွေ ဟိုတယ်တွေ အတော်များများ ရှိရာ နေရာဖြစ်ပါတယ်။ ဓာတ်ပုံ - REUTERS/Omar Sobhani   [gallery ids="92897,92898,92899,92900,92901"]
6 years Ago

May 7, 2015

အာဖဂန်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်ပေး

ပြီးခဲ့တဲ့မတ်လက အာဖဂန်အမျိုးသမီးတဦးကို ကိုရမ်ကျမ်းစာ မီးရှို့မှုနဲ့ စွပ်စွဲသတ်ဖြတ်ခဲ့သူတွေထဲက ၄ ဦးကို မေ ၆ ရက်နေ့က သေဒဏ်ပေးလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အာဖဂန်အမျိုးသမီး Farkhunda ကို လူအုပ်က သတ်ဖြတ်ခဲ့ပေမယ့် ကိုရမ်ကျမ်းစာအုပ်ကို ဖျက်ဆီးခဲ့ခြင်းမရှိဘူးလို့ မျက်မြင်တွေက ဆိုပါတယ်။ သတ်ဖြတ်ခဲ့သူတွေထဲက ၆ ဦးကတော့ ထောင်ဒဏ် ၁၆ နှစ်ကျခဲ့ပြီး ကျန် ၁၈ ဦးကတော့ အပြစ်မရှိလွတ်မြောက်ခဲ့ပါတယ်။ အမှုအားလုံး ၄ ရက်ပဲကြာမြင့်ခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာ အနားမှာရှိလျက်နဲ့ မတားဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးရဲ့အမှုကိုလည်း လာမယ့် မေလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ဒီတရားရုံးဆုံးဖြတ်ချက်ဟာ စွပ်စွဲသတ်ဖြတ်ခံရသူ Farkhunda ရဲ့ မိသားစုဝင်တွေအတွက် တစုံတရာတရားမျှတမှု ရရှိတယ်ဆိုပြီး ကြိုဆိုသူတွေရှိပေမယ့် အာဖဂန်တရားရေးစနစ်အပေါ် မယုံကြည်သူ၊ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်သူတွေလည်း ရှိပါတယ်။ စွပ်စွဲသတ်ဖြတ်ခံရသူ အာဖဂန်အမျိုးသမီးအတွက် တစုံတရာတရားမျှတမှုတော့ ရရှိမှာဖြစ်ပေမယ့် နိုင်ငံတ၀န်း အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးတွေကို လက်တွေ့ ထင်ဟပ်ခြင်းမရှိဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
6 years Ago
Up