အာဏာသိမ်းစစ်တပ်

April 23, 2021

မိုးမိတ်မြို့က CDM ပညာရေးဝန်ထမ်း​သုံးဦးကိုအာဏာသိမ်းစစ်တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့က CDM လုပ်ထားတဲ့ ဆရာမအိမ်ကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၂၃ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ လာဝိုင်းပြီး ဆရာမအပါအဝင် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ ဧပြီလ ၂၃ ရက်နေ့မှာ ကျောင်းအုပ်တွေကအစည်းဝေးလုပ်ပြီး CDM မလုပ်ဖို့ဖိအားပေးပြီး CDM လုပ်ပါက ၅၀၅နဲ့ ဖမ်းမယ်လို့ခြိမ်းခြောက်တာမျိုးတွေရှိခဲ့ပြီးနောက် ညပိုင်းမှာ လာရောက်ဖမ်းဆီးတာဖြစ်ပါတယ်။

ဒေါ်သန္တာမြင့် (မူလတန်းပြ ဆရာမ) နဲ့ ဒေါ်အေးစုမွန် (အထွေထွေ)၊ ကိုသက်ဦးပိုင် (အထက်တန်းပြ - ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း) တို့ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ကိုသက်ပိုင်ဦးကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားပြီး နေရာမှာ သွေးတွေအိုင်ကျန်နေခဲ့တယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ ဆန္ဒပြ ပြည်သူ ၅ ဦးကိုလည်း အ​​ကြမ်းဖက်စစ်တပ်က မတ်လ ကဖ မ်းဆီးပြီးနောက် အိုးဘိုထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

3 weeks Ago

April 20, 2021

အာဏာသိမ်းစစ်တပ်က အန်စီအေစာချုပ်တစ်ခုလုံးကို ချိုးဖောက်နေဟု KNLA တပ်မဟာ (၅) ကြေညာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အန်စီအေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်တစ်ခုလုံးကို ဖောက်ဖျက်နေတယ်လို့  ကေအန်ယူ -မူ‌တြော်ခရိုင် KNLA တပ်မဟာ (၅)က ထုတ်ပြန်ကြေညာပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေဖြစ်တဲ့ တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားတာ၊ နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်သတ်ဖြစ်နေတာတွေကသာ အန်စီအေစာချုပ်ပါ အချက်တွေတင်မက စာချုပ်တစ်ခုလုံးကို ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကပြီး  KNLAတပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ အတွက် ကရင်ကျေးရွာတွေက ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့သလို သောင်းနဲ့ချီတဲ့ရွာသား တွေလည်း ဘေးလွတ်ရာ ထွက်ပေးတိမ်းရှောင်နေကြရတာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNLAတပ်မဟာ(၅)အနေနဲ့ ငြိမ်းချမ်းရေးမလိုလားဘဲ  ခေါင်းမာနေပြီး အန်စီအေ စာချုပ်ကို ချိုးဖောက်နေတာကြောင့်  လေယာဉ်နဲ့ဗုံးကြဲသတိပေးခဲ့တာလို့ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် လူအသေအပျောက်နည်းစေဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလို့လည်း ပြီးခဲ့တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။  

4 weeks Ago
More News
Up