အာဏာသိမ်းဗိုလ်ချုပ်ဟောင်း နိုင်ဂျီးရီးယားသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်

July 18, 2015

နိုင်ဂျီးရီးယား တွင် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး အသေခံဗုံးခွဲ (ရုပ်သံ)

နိုင်ဂျီးရီးယား အရှေ့မြောက်ဒေသမှာ ဇူလိုင် ၁၇ ရက်နေ့ မနက်အစောပိုင်းက  ကလေးအရွယ်  မိန်းကလေး အသေခံ ဗုံးခွဲသမား  ၃ ဦး  တိုက်ခိုက်တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးသွားပါတယ်။ အသက် ၁၀ နှစ် မပြည့်သေးတဲ့ မိန်းကလေးဟာ ဒမ္မာဒူလာ ဆိုတဲ့မြို့မှာ ရှိတဲ့ ဗလီမှာ  မွတ်စလင်တွေရဲ့ အိဒ်ပွဲတော်ကာလ  ၀တ်ပြုဖို့ ရောက်နေသူတွေ လုံခြုံရေးစစ်ဆေးရေး ဂိတ်ကို ဖြတ်ဖို့ တန်းစီနေချိန်မှာ တိုက်ခိုက်လိုက်တာလို့ ယိုဘီ ပြည်နယ် ရဲမင်းကြီး မာခ်ကက် ဒန်ဒါလီက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ၅ ဦးသေဆုံးပြီး ၈ ဦးလောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ နောက်တိုက်ခိုက်မှုကတော့ ယိုဘီပြည်နယ်နဲ့ ကပ်လျက်  ဂွမ်ဘီး ပြည်နယ်မြို့တော် ဂွမ်ဘီးမြို့မှာ အသက် ၁၀ နှစ်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက်လို့ လူသုံး ဦး သေ၊ ၁ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်တွေ မတိုင်ခင် တရက်ကလည်း  ဂွမ်ဘီးမြို့မှာပဲ  ဗုံးခွဲမှု ၂ ခု  တပြိုင်တည်း ဖြစ်ခဲ့ပြီး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုတခုကို အမျိုးသမီး အသေခံ ဗုံးခွဲသမားက ပြုလုပ်ခဲ့ပြီး နောက်တခုက ဈေးတခုမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ ဘယ်အဖွဲ့ကမှ တာဝန်ခံပြီး ကြေညာတာ မရှိပေမယ့် အရင်ကလည်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဟာ ဂွမ်ဘီးမြို့မှာရှိတဲ့ ဈေးတွေနဲ့ကားဂိတ်တွေကို အခုလိုပဲ တိုက်ခိုက်ခဲ့ဖူးပါတယ်။
6 years Ago

June 3, 2015

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် နိုင်ငံပေါင်းစုံပူးပေါင်းတပ်များ စစ်ဆင်ရေး စတော့မည့်

အနောက်အာဖရိက ချဒ်၊ နိုင်ဂျာနဲ့ ကင်မရွန်း နယ်စပ်တွေ ထိစပ်နေတဲ့ လိက်ချဒ်ဒေသမှာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဆင်ရေး စတင်တော့မယ်လို့ နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇွန် ၂ ရက်က ပြောဆိုလိုက်ပါတယ်။ အာဖရိက သမဂ္ဂက မတ်လမှာ အတည်ပြုခဲ့တဲ့ စစ်အင်အား ၈၇၀၀ ပါဝင်တဲ့ တပ်ဖွဲ့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစိတ်တပိုင်းစီ ငွေကြေးထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ ဟောလန်ဒီနဲ့ အစည်းအဝေးအပြီး နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက “လိက်ချဒ်ဒေသတ၀ိုက်မှာ ဘိုကိုဟာရမ်အဖွဲ့တွေ လှုပ်ရှားနေတဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြတာပါ။ နိုင်ဂျီးရီးယားမှာလည်း အစိုးရသစ် တာဝန်ယူနေပြီဆိုတော့ နိုင်ငံစုံ ပူးပေါင်းတပ်ဖွဲ့က မကြာခင် စစ်ဆင်ရေး စတော့မှာပါ” လို့ ပြောပါတယ်။ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားထကြွနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းဖို့ ပြင်သစ်အစိုးရက လိက်ချဒ်နဲ့ နယ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေကို ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဆက်လက် ပံ့ပိုးကူညီသွားမယ့်အကြောင်း သမ္မတ ဟောလန်ဒီက အလေးထားပြောဆိုတယ်လို့ အယ်လီဇီနန်းတော်က ရေးသား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သမ္မတ ၂ ဦးဟာ လစ်ဗျားနိုင်ငံ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြို့တော် ပါရီကို ရောက်ရှိလာတဲ့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင် ညွန့်ပေါင်းအဖွဲ့ဝင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက “လစ်ဗျားပြည်သူတွေအကြား ပြန်လည်ပေါင်းစည်းရေးကို ကျနော်တို့ မျှော်လင့်ပါတယ်။ စစ်ရေးကြားဝင် ဆောင်ရွက်မှုတွေ ရှိရင်တောင် အကြမ်းဖက်သမားတွေကို အမြစ်ဖြုတ် ချေမှုန်းနိုင်ဖို့နဲ့ လစ်ဗျားမှာ အခြေစိုက်နေတဲ့ အိုင်အက်စ်သူပုန်တွေကို တယောက်ချင်းစီနဲ့ကို တိုက်ခိုက်မယ်” လို့ ပြောပါတယ်။
6 years Ago
More News
Up