အာဆင်နယ်တိုက်စစ်မှူး

February 27, 2020

အူဘာမီယန်းကို ထိပ်တန်းတိုက်စစ်မှူးအဖြစ် သတ်မှတ်သင့်ဟု  ဂရယ်နဗီးလ်ပြော 

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတဦးအဖြစ် သတ်မှတ်ရတော့မှာ ဖြစ်တယ်လို့ ယူနိုက်တက်‌အသင်း ခေါင်း‌ဆောင်ဟောင်း ဂရယ်နဗီးလ်က ပြောပါတယ်။  အူဘာမီယန်းဟာ ပရီးမီးယားလိဂ်မှာ ၁၂၃ မိနစ်ကြာတိုင်း ၁ ဂိုး သွင်းယူနိုင်သူ ဖြစ်လာပြီး ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။  အသက် ၃၀ အရွယ် တိုက်စစ်မှုးအတွက် စတုတ္ထမြောက် မိနစ်အလိုက် သွင်းဂိုးအများဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပါတယ်။  အူဘာမီယန်းဟာ ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာခဲ့ပြီးတော့ ၉၅ ပွဲ ကစားပြီး သွင်းဂိုး ၆၀ အထိ ရရှိထားပါတယ်။
1 year Ago

October 3, 2019

အာဆင်နယ်တိုက်စစ်မှူး ပက်ပေ အကောင်းဆုံးပုံစံဖြင့် ပြန်လာရန် အမ်မရီ မျှော်လင့်

တောင်ပံတိုက်စစ်မှူး ပက်ပေ ဟာ မကြာခင် အကောင်းဆုံးပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ အာဆင်နယ် နည်းပြအမ်မရီက မျှော်လင့်နေပါတယ်။  ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပက်ပေဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာပါ။  ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ၂၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ပက်ပေဟာ အာဆင်နယ်အသင်းမှာ ပင်နယ်တီသွင်းဂိုးတဂိုးသာ သွင်းယူထားခဲ့ပြီး မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့လို့ ဝေဖန်မူတွေလည်း ခံနေရပါတယ်။  ပြောင်းရွှေ့ကြေး အများကြီးနဲ့ခေါ်ယူခဲ့ရတာက ပက်ပေအတွက်ဖိအားမဟုတ်ကြောင်း၊ အသင်းသစ်တခုမှာ ကစားသမားတိုင်းက ရုန်းကန်ရလေ့ရှိပြီး ပက်ပေကိုရော ကွင်းလယ်လူ ဆီဘယ်လော့ကိုပါ ခြေစွမ်းပြနိုင်ဖို့ ဆက်ပြီး အကူအညီပေးသွားမယ်လို့ နည်းပြအမ်မရီက ဆိုခဲ့ပါတယ်။
2 years Ago
Up