အာစင်ဝင်းဂါး

May 25, 2019

မစ်ခီတာရန် ယူရိုပါလိဂ်ဗိုလ်လုပွဲ လွဲချော်ခဲ့သည့်ကိစ္စ မဖြစ်သင့် အာစင်ဝင်းဂါး ဝေဖန်

နိုင်ငံရေးအခြေအနေကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ လွဲချော်ခဲ့ရတဲ့ မစ်ခီတာရန်ကိစ္စဟာ ဒီနေ့ခေတ်မှာ မဖြစ်သင့်တဲ့ကိစ္စတခုလို့ အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးက ဝေဖန်ပြောဆို လိုက်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နိုင်ငံရေးအခြေအနေတင်းမာမှုကြောင့် အာမေးနီးယား နိုင်ငံသားတွေကို နိုင်ငံတွင်းဝင်ခွင့် ပိတ်ပင်ထားတာပါ။ ဒါကြောင့် အာမေးနီးယားနိုင်ငံသား အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာရန်ဟာ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ချဲလ်ဆီးနဲ့ကစားရမယ့်  ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖို့ ရှိနေတာပါ။ အာမေးနီးယန်းနိုင်ငံသား မစ်ခီတာရန်ကို လုံခြုံရေးအရဆိုတဲ့အကြောင်းပြချက်နဲ့ အာဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကစားခွင့်မပေးတာလို့ မီဒီယာတွေမှာဖော်ပြပါတယ်။ အာစင်ဝင်းဂါးက ဘာကူ ဗိုလ်လုပွဲနဲ့ပတ်သတ်လို့ နှစ်ဖက်အသင်းတွေဟာ ခရီးဝေးသွားပြီး ကစားရတာကြောင့် အခက်အခဲတချို့ရှိနိုင်ပေမယ့် ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ သွားမှာဖြစ်လို့ စိတ်မပူပေမယ့် ပရိသတ်တွေအတွက်တော့ စိတ်ပူကြောင်းပြောကြားခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲအတွက် အာဆင်နယ်နဲ့ ချဲလ်ဆီး ပရိသတ်တွေဟာ လက်မှတ်ခွဲတမ်းလည်း အနည်းငယ်ပဲရရှိထားသလို လုံခြုံရေးအရလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
2 years Ago

April 29, 2018

အာစင်ဝင်းဂါးကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း စိတ်ဝင်စား

  ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းကနေ ရာသီကုန်မှာ အနားယူမယ့် အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာရာထူးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ လက်ရှိနည်းပြ အူနိုင်းအန်မေရီကလည်း အသင်းကနေ ရာသီကုန်တာနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာထားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အစောပိုင်းက ဒေါ့မန်နည်းပြ သောမက်စ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူထားပေမယ့် အသင်းရဲ့ပိုင်ရှင် နေဆားအဲလ်ကယ်လီဖီ ဟာ အာစင်ဝင်းဂါးနဲ့ ရင်းနှီးနေတာကြောင့် အခုလိုမျိုးသတင်းတွေ ထွက်ပေါ်လာတာပါ။ အာဆင်နယ်အသင်းကတော့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ပထမဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပေမယ့် ရာသီသစ်အတွက် ကစားသမားခေါ်ယူဖို့ အသုံးစရိတ်ပေါ် မူတည်ပြီး အခြေအနေတွေ ပြောင်းလဲနိုင်ပါတယ်။
3 years Ago
More News
Up