အာဂျင်တီးနားရဲ

June 14, 2020

အင်တာပိုက အလိုရှိသည့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို အာဂျင်တီးနားရဲတပ်ဖွဲ့ ဖမ်းဆီး

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိနေ တဲ့ တူရကီရာဇဝတ် ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန်လ ၁၁ ရက်မှာ ဖမ်းဆီးမိခဲ့ပါတယ်။  အသက် ၃၄ နဲ့ ၄၀ အရွယ် အသီးသီးရှိကြတဲ့ ဒီနှစ်ဦးဟာ တူရကီမှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေနဲ့ အလိုရှိနေသူတွေပါ။  ဒီလူတွေဟာ အာဂျင်တီးနားနိုင်ငံထဲကို ပြီးခဲ့တဲ့ငါးလကထဲက မှတ်ပုံတင်အတုတွေသုံးပြီး ဝင်လာကာ မြို့တော် ဗျူနိုအေးရိစ်အရှေ့ဘက်က ပွါတိုမက်ဒီရိုက ဇိမ်ခံဟိုတယ်တခုမှာ နေခဲ့တာလို့ အာဂျင်တိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။  နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အလိုရှိနေတဲ့ သူတို့ကို အခုတော့ အာဂျင်တိုင်းဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာနက ထိန်းသိမ်းထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
11 months Ago

January 3, 2020

ဓားစာခံ ၃ ရက်သား ကလေးကို အာဂျင်တီးနားရဲတပ်ဖွဲ့ ကယ်တင်

ဓားစာခံ ခေါ်ထားတဲ့ ၃ ရက်သား ကလေးငယ်ကို အာဂျင်တီးနားရဲတပ်ဖွဲ့က   ဖခင်လက်ထဲကနေ ဇန်နဝါရီ ၂ ရက်မှာ ကယ်တင်ခဲ့ပါတယ်။   ဖခင်က ကလေးမိခင်ကို ရိုက်နှက်ပြီးနောက်မှာ ရဲတပ်ဖွဲ့နဲ့ ဖခင်တို့ ပဋိပက္ခဖြစ်ခဲ့တယ်လို့ ဒေသသတင်းတွေက အစီရင်ခံပါတယ်။   အဲဒီနောက်မှာ ဖခင်က ကလေးကို ဓားစာခံခေါ်ပြီး ရပ်ထားတဲ့ လူနာတင်ယာဉ်ထဲမှာ အကာအကွယ်ယူခဲ့ပါတယ်။ အဲဒီနောက် ညှိနှိုင်းရေးမှူးတွေ၊ စိတ်ရောဂါကုဆရာဝန်တွေနဲ့  ညှိနှိုင်းခဲ့ပေမယ့် ကလေးဖခင်က ပိုမိုအကြမ်းဖက်လာတာကြောင့် လူနာတင်ယာဉ်ထဲ အတင်းဝင်ပြီး ကလေးငယ်ကို ကယ်တင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကော်မရှင်နာက ပြောခဲ့ပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေက ဖခင်ကို အလစ်ငိုက်ဖမ်းကာ ကလေးငယ်ကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။  ၃ ရက်သား  မိန်းကလေးဟာ ကျန်းကျန်းမာမာရှိနေပြီး မိခင်ဟာလည်း ဆေးရုံမှာ ဒဏ်ရာတွေကနေ သက်သာလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up