အာကာသယာဉ်ကနေ ရိုက်ထားသည့် ပလူတိုဂြိုဟ်၏ ပင်မဂြိုဟ်ရံလ ဓာတ်ပုံများ ဖြန့်ချိ (ရုပ်သံ)

February 20, 2016

အာကာသယာဉ်ကနေ ရိုက်ထားသည့် ပလူတိုဂြိုဟ်၏ ပင်မဂြိုဟ်ရံလ ဓာတ်ပုံများ ဖြန့်ချိ (ရုပ်သံ)

အမေရိကန် အမျိုးသား အာကာသ သိပ္ပံ နာဆာက နျူကလီးယားစွမ်းအင်သုံး နယူးဟော်ရစ်ဇုန် အာကာသယာဉ်ကနေ ရိုက်ကူး ပေးပို့ထားတဲ့ ပလူတိုဂြိုဟ်က ပင်မဂြိုဟ်ရံလရဲ့ ဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။ ဂြိုဟ်ရံလ ချရွန်မှာ အရင်က သမုဒ္ဒရာတစင်း ရှိခဲ့တယ်လို့လည်း နာဆာက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောပါတယ်။ အာကာသယာဉ်ဟာ ပလူတိုဂြိုဟ်နဲ့ ဂြိုဟ်ရံလတို့ကြား ၂၀၁၅ ဇူလိုင်မှာ ဖြတန်သန်းခဲ့တာပါ။ ရာနဲ့ချီတဲ့ လောလာမှုတွေအတွက် သိပ္ပံဆိုင်ရာ ကိရိယာတွေ ကင်မရာတွေကို သတိကြီးကြီး သုံးပြီး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ပလူတိုဂြိုဟ်ရဲ့ ဂြိုဟ်ရံလမှာ ကျောက်လွှာ ပြတ်ရွေ့ကြောင်းတွေရှိပြီး လေးမိုင်ကျော် နက်တဲ့ ပြတ်ရွေ့ကြောလည်း ရှိတာကို အာကာသယာဉ်က တွေ့ခဲ့ပါတယ်။ ဂြိုဟ်ရံလရဲ့ သမုဒ္ဒရာဟာ ကြာရှည် အေးခဲ ပြန့်ကားလာခဲ့ပြီး အပြင်ကို တွန်းထုတ်ခဲ့လို့ လမျက်နှာပြင်မှာ အက်ကြောင်းတွေ အစင်းကြောင်းတွေ ဖြစ်စေခဲ့တယ်လို့လည်း နာဆာက ပြောပါတယ်။ လရဲ့ အပြင်ဘက်အလွှာက ရေခဲတွေဖြစ်ပြီး ပူလိုက်အေးလိုက် ဖြစ်စဉ်ကြောင့် အရည်ပျော်လိုက် အေးခဲလိုက် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up