အာကာသယာဉ်
August 22, 2019
အိန္ဒိယအာကာသယာဉ် လကမ္ဘာပတ်လမ်းထဲ ဝင်ရောက်
အိန္ဒိယရဲ့ ဒုတိယမြောက် လကမ္ဘာခရီးစဉ်ဖြစ်တဲ့ ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ လပတ်လမ်းထဲ ဝင်သွားပြီး စက်တင်ဘာ ၇ ရက်နေ့မှာတော့ လရဲ့ တောင်ဝင်ရိုးစွန်းကနေ လပေါ်ကို ဆင်းသက်နိုင်ဖို့ ခန့်မှန်းရတယ်လို့ အိန္ဒိယ အာကာသ သုတေသနအေဂျင်စီ (ISRO) အကြီးအကဲ ကယ်လာဆာဗာဒီဗူးဆယ်ဗန်က သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။ ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ ဩဂုတ် ဒေသစံတော်ချိန် မနက် ၉ နာရီကျော်လောက်မှာ လဂြိုဟ်ရဲ့ ပတ်လမ်းထဲကို ဝင်သွားခဲ့ပြီး စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီ ၅၅ မိနစ်လောက်မှာ လပေါ်ကို ဆင်းသက်နိုင်လိမ့်မယ်လို့ ဆယ်ဗန်က ပြောပါတယ်။ လပေါ်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ဖို့ အဲဒီအာကာသယာဉ်ဟာ ၉၀ ဒီဂရီစောင်းဖို့ လိုပါတယ်။ ဒါ့ကြောင့် ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ လရဲ့ မျက်နှာပြင်နားကို ချဉ်းကပ်ဖို့ နှစ်ကြိမ်တိုင်တိုင် အစမ်းလေ့ကျင့်သွားမှာဖြစ်ပြီး အဲဒီနောက် ၉၀ ဒီဂရီစောင်းပြီး ဆင်းသက်မှာပါ။ လကမ္ဘာခရီးစဉ် အောင်မြင်ခဲ့မယ်ဆိုရင် အိန္ဒိယ အာကာသ သုတေသနအေဂျင်စီဟာ လကမ္ဘာကို အထိအခိုက် အပျက်အစီးမရှိဘဲ ဆင်းသက်တဲ့ ကမ္ဘာ့ပထမဆုံး အာကာသအေဂျင်စီ ဖြစ်လာမှာပါ။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာကာသယာဉ် လဂြိုဟ်ပတ်လမ်းထဲ ဝင်သွားတာက လကမ္ဘာခရီးစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်ကြောင်း၊ ISRO အဖွဲ့ သိပ္ပ္ပံပညာရှင်တွေကို ချီးကျူးတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
2 years Ago
March 9, 2019
လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ် အောင်မြင်စွာ ပြန်ဆင်းသက်
လူလိုက်ပါခြင်းမရှိတဲ့ SpaceX  လေလုံခန်းယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းမှာခဏတာနေထိုင်ပြီးနောက် မတ် ၈ ရက်နေ့က အတ္တလန္တိတ် သမုဒ္ဒရာအတွင်း အောင်အောင်မြင်မြင် ဆင်းသက်ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်နှောင်းပိုင်းမှာ လူလိုက်ပါတဲ့ အာကာသခရီးစဉ် ပြန်စတင်ဖို့ ပထမဆုံး ကမ္ဘာပတ် စမ်းသပ်မစ်ရှင်ပဲ ဖြစ်ပါတယ်။ ၅ ရက်ကြာ ကမ္ဘာပတ်ခရီးစဉ် ပြီးတဲ့နောက် အဲဒီယာဉ်ဟာ မတ်လ ၈ ရက်နေ့မှာ အာကာသစခန်းက ထွက်ခွါပြီး ကမ္ဘာမြေဆီ အသံထက်မြန်တဲ့ အမြန်နှုန်းနဲ့ ပြန်ဆင်းသက်လာတာပါ။ အဲဒီနောက် မတ် ၈ ရက်နေ့မှာတော့ ဖလော်ရီဒါ ကမ်းလွန်ကနေ မိုင် ၂၀၀ လောက်အကွာကို ဆင်းသက်ခဲ့ပါတယ်။ ဒီပထမဆုံး စမ်းသပ်မစ်ရှင်မှာ အလေးချိန် ပေါင် ၄၀၀ ရှိတဲ့ စမ်းသပ်ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ရစ်ပလေလို့ခေါ်တဲ့ လူရုပ်ကိုပါ ခေါ်ဆောင်သွားပြီး အဲဒီ အရုပ်ရဲ့ ဦးခေါင်း၊ လည်ပင်း နဲ့ ကျောရိုးမှာ အာရုံခံကိရိယာတွေကို တပ်ဆင်ခဲ့ပါတယ်။ ဒါဟာ လူသားအနေနဲ့ ဒီခရီးစဉ်မျိုး လိုက်ပါစီးနင်းတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာကို ပုံဖော်နိုင်ဖို့အတွက် သုတေသနပြုခဲ့တာပါ။
2 years Ago
More News
Up