အသင်းက ထွက်ခွာမည်

November 13, 2019

မန်ယူ ကွင်းလယ်ကစားသမား မာတစ် အသင်းက ထွက်ခွာမည် 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ဟာ လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ကွင်းလယ်ကစားသမား မာတစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ၅ ပွဲသာကစားခွင့်ရရှိခဲ့ပြီး ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်နဲ့ တွန်မီနေးအတွဲကိုပဲ ပွဲထွက်ကစားစေတာကြောင့် မာတစ်ရဲ့  ပွဲကစားချိန်ဟာလည်း နည်းပါးလာခဲ့တာပါ။ နည်းပြဆိုးလ်ရှားကတော့ အသင်းမှာ ဆက်မကစားဖို့အတွက် မာတစ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မာတစ်ဟာ အခုနှစ်ဘောလုံးရာသီမှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒေါ့မွန် ၊အေစီမီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ မာတစ်ကို ၂၀၁၇ ခုနှစ်က ပေါင်သန်း ၄၀ နဲ့ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
2 years Ago

October 23, 2019

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကို အသင်းက ထွက်ခွာမည်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အစ္စကိုဟာ မက်ဒရစ်မှာ ခြေစွမ်းပျောက်ဆုံးနေပြီး ပွဲထွက်ခွင့်အတွက်လည်း ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အခုနှစ် လာလီဂါမှာ မိနစ် ၁၇၀ သာ ကစားခွင့်ရရှိထားတဲ့ အစ္စကိုဟာ မာယော့ကာအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ ပွဲထွက်ခဲ့ပေမယ့်လည်း စောစော ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။  ဂါတာစာရေးအသင်းကို ၁-၀ ဂိုးနဲ့ကပ်ပြီးအနိုင်ရရှိခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့်မရခဲ့တဲ့ အစ္စကိုဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြပါတယ်။ အသက် ၂၇ နှစ်ရှိ အစ္စကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
2 years Ago
Up