အသင်းခေါင်းဆောင်

June 29, 2019

အိုင်ဗရီကို့စ်အသင်းခေါင်းဆောင် ဒဏ်ရာကြောင့် အာဖရိဖလား လက်ကျန်ပွဲများ လွဲချော်ဖွယ်ရှိ

မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အိုင်ဗရီကို့စ်အသင်းခေါင်းဆောင် ဆာ့ခ်ျ အူရီယာဟာ အာဖရိကဖလားပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ရဖွယ်ရှိနေတယ်လို့ Sky News သတင်းမှာ ဖော်ပြပါတယ်။ တော့တင်ဟမ်အသင်းရဲ့ ညာနောက်ခံလူဟာ ဒဏ်ရာကြောင့် မော်ရိုကိုအသင်းနဲ့ပွဲမှာ လူစားလဲခဲ့ရသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကလည်း ပေါင်၊ ပေါင်ခြံနဲ့ တင်ပါးဒဏ်ရာတွေကြောင့် တော့တင်ဟမ်အသင်းနဲ့ပွဲ ထွက်ကစားခွင့်ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ “ဒီပြိုင်ပွဲဟာ ကျနော့်အတွက် ပြီးဆုံးသွားပြီလို့ ထင်ပါတယ်။ ကျနော် တစုံတခုကို ခံစားနေရပြီးတော့ ဒါဟာ ဝမ်းနည်းမျက်ရည်တွေဖြစ်နိုင်ပါတယ်” လို့ အိုင်ဗရီကို့စ်အသင်း ခေါင်းဆောင်ကပြောပါတယ်။ အာဖရိကအင်အားကြီး အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုဒီရဲ့ ဒုတိယမြောက်ပွဲစဉ် ဖြစ်တဲ့ မော်ရိုကိုအသင်းနဲ့ပွဲမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်မော်ရိုကို ကစားသမားတွေက သူတို့အသင်းထက် ပိုမိုလန်းဆန်းတက်ကြွနေတယ်လို့ အူရီယာက ဝန်ခံပါတယ်။ ဒါပေမယ့် သူ့ဒဏ်ရာနဲ့ ပတ်သက်လို့တော့ တိတိကျကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ ဒီရှုံးပွဲကြောင့် အိုင်ဗရီအို့စ်အသင်းဟာ ၁၆ အသင်းအဆင့်ကို တက် ရောက်နိုင်စေရေး သေချာစေဖို့ နမ်ဘီယာအသင်းနဲ့ ဇူလိုင် ၁ ရက်နေ့ပွဲစဉ်ကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ “ကျနော်တို့ဒီပွဲကို အနိုင်ရဖို့ ဘာမဆိုလုပ်ဆောင်သွားမှာပါ” လို့ အိုင်ဗရီအို့စ်အသင်းခေါင်း ဆောင်က ပြောပါတယ်။
2 years Ago

မန်ယူအသင်း ခေါင်းဆောင်ဟောင်း အီကွေဒေါကလပ်ကို ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်တစ်ခုအကြာ ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗလင်စီယာဟာ မိခင်နိုင်ငံဖြစ်တဲ့ အီကွေဒေါက လီဂါဒီပိုတီဗာ ယူနီဗာစတီယာအသင်းထံ ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ ရရှိခဲ့တဲ့ ဗလင်စီယာဟာ အောင်မြင်တဲ့ ကစားသမားတဦးဖြစ်ခဲ့ပြိး အီကွေဒေါစံပြကစားသမားတဦးလည်း ဖြစ်ပါတယ်။ ကစားသမားဘဝ အစအဖြစ် အီကွေဒေါကလပ် ကီတိုအသင်းမှာ ကစားခဲ့ပြီး သူ့ရဲ့ခြေစွမ်းကြောင့် ၂၀၀၅ ခုနှစ်မှာ စပိန်ကလပ် ဗီလာရီးရဲကခေါ်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အင်္ဂလန်ကလပ် ၀ီဂန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဝီဂန်အသင်းမှာ တရာသီ ကစားအပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အိုးထရက်ဖိုဒ့်မှာ လာရောက်ကစားခွင့် ရခဲ့ပါတယ်။ နောက်ပိုင်နည်းပြ မော်ရင်ဟို လက်ထပ်မှာတော့ အရန်ခုံထိုင်နေခဲ့ရတာများပြီး အသက်အရွယ်လည်း ရလာတာကြောင့် အသင်းပြောင်းဖို့ တောင်းဆိုထားခဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိခင်နိုင်ငံကလပ်ကို ပြန်လည်ရောက်ရှိနေပြီး ယူနီဗာစတီယာ အသင်းဂျာဆီကိုတောင် ဝတ်ဆင်ထားပြီးဖြစ်ပါတယ်။ ဗလင်စီယာကို မိတ်မဆက်ရသေးပေမယ့် ပရိသတ်ကို သတင်းကောင်းပေးချင်တာကြောင့် တွစ်တာစာမျက်နှာမှာ မိတ်ဆက်ဗွီဒီယို အတိုလေးကို ကနဦးအနေနဲ့ ကလပ်အသင်းက တင်ပေးခဲ့တာဖြစ်ပါတယ်။
2 years Ago

May 20, 2019

အသင်းခေါင်းဆောင် ကွန်ပနီ မန်စီးတီးမှ ထွက်ခွာ

မန်ချက်စတာစီးတီး နောက်တန်းကစားသမား ဗင်းဆင့် ကွန်ပနီဟာ အသင်းကနေ ထွက်ခွာပြီး အန်ဒါလက်ခ်ျအသင်းမှာ ကစားသမား နည်းပြအဖြစ်လုပ်ဖို့ ရွေးချယ်လိုက်ပြီလို့  ကြေညာလိုက်ပါတယ်။ အသင်းကနေထွက်ခွာဖို့ အချိန်ရောက်လာပြီလို့ ကွန်ပနီက ပြောပါတယ်။ စနေနေ့က ဝတ်ဖို့ဒ်ကို ၆ ဂိုးပြတ်နဲ့နိုင်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲဟာ ကွန်ပနီအတွက် မန်စီးတီးမှာ နောက်ဆုံးကစားတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွန်ပနီဟာ အသင်းဟောင်း ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်တာပါ။ သူဟာ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး အသင်းခေါင်းဆောင် တာဝန်ကို ၈ နှစ်ကြာ ထမ်းဆောင်ခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ် ရယူထားပါတယ်။
2 years Ago
Up