အသင်းကို မြန်မာဘုန်းကြီးများ အားပေးမှုအကြောင်း ဖော်ပြခဲ့သည့် မန်ယူ (ဓာတ်ပုံ)

January 8, 2016

အသင်းကို မြန်မာဘုန်းကြီးများ အားပေးမှုအကြောင်း ဖော်ပြခဲ့သည့် မန်ယူ

ကမ္ဘာကျော် အင်္ဂလိပ်ပရီးမီယာဘောလုံးအသင်းတသင်းဖြစ်တဲ့ မန်ချက်စတာယူ နိုက်တက်အသင်းကို အားပေးနေကြတဲ့ မြန်မာဘုန်းကြီးတွေရဲ့ ပုံတွေကို အသင်းရဲ့ တရားဝင်အင်တာနက်စာမျက်နှာတွေပေါ်မှာ ဇန်န၀ါရီလ ၇ ရက်နေ့က ဖော်ပြလိုက်ပါ တယ်။ အဲဒီပုံတွေဟာ အီတလီဓာတ်ပုံဆရာတဦးဖြစ်တဲ့ အလက်ဇန္ဒရိုဆင်းကွက်ဇ် မြန်မာနိုင်ငံကို မကြာသေးခင်က အလည်အပတ်လာရောက်စဉ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အသင်းရဲ့တရားဝင်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနဲ့ အင်စတာဂရမ်စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာတော့ ၂ ရက်အတွင်း ၀င်ရောက်ကြည့်ရှုသူ ၁ သိန်း ၂ သောင်းကျော်ရှိခဲ့ပါတယ်။ ဓာတ်ပုံဆရာ အလက်ဇန္ဒရိုဆင်းကွက်ဇ်ကတော့ အီတလီဘာသာစကားနဲ့ “ကျနော် ညနေခင်းလမ်းလျှောက်ထွက်ချိန်မှာ လက်ဖက်ရည်ဆိုင်တဆိုင်ထဲမှာ ဘုန်းကြီးတွေအုပ်စုလိုက် မန်ယူဘောလုံးပွဲကို အားပေးနေတာကို မြင်ခဲ့ရတယ်။ သရဲနီတွေ ကို အားပေးနေကြတဲ့ ပရိသတ်တွေရဲ့ ဂန္တ၀င်ညနေခင်းကို မှတ်တမ်းတင်ဖို့ ကျနော် ဆုံးဖြတ်ခဲ့တာပါ”လို့ ရေးခဲ့တာပါ။    
5 years Ago
Up