အဝေးပြေးလမ်းမ ပိတ်ထား

December 28, 2019

ယာဉ်တိုက်မှုဖြစ်ပြီးနောက် အမေရိကန် အဝေးပြေးလမ်းမ ပိတ်ထား

အမေရိကန် အဝေးပြေးလမ်းမတခုဟာ  မြူတွေ ဆိုင်းနေပြီး ဒီဇင်ဘာ ၂၇ ရက် ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာ  ယာဉ်ကြော ၂ ဖက်လုံးကို ပိတ်ထားခဲ့တယ်လို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီယာဉ်တိုက်မှုကိုတော့ ဒေသခံသတင်းအဖွဲ့ တခုက အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အနောက်ပိုင်းအဝေးပြေးလမ်းမှာ အခုဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကို ဒေသဆိုင်ရာ NBC သတင်းမှာ ဖော်ပြခဲ့တာပါ။ လက်ဘော့ကောင်တီအဝေးပြေးလမ်းမ အမှတ် ၈၄ မှာ မြူတွေ အုံ့ဆိုင်းနေချိန် နောက်တွဲယာဉ်တစီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးဆင်းလာခဲ့တာကြောင့်  လမ်းဘေးမှာ ရပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်မတင်လေး ထွက်ပြေးနိုင်ခဲ့တာပါ။ ဒီယာဉ်တိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ပြီး မကြာခင် ပြန်ကောင်းမွန်လာမယ်လို့ NBC သတင်းက အစီရင်ခံပါတယ်။
1 year Ago
Up