အလိုက်ပေး

September 6, 2020

သောမက်စ်ပါတေးအတွက် အာဆင်နယ်က ဂွမ်ဒူဇီနှင့်လာကာဇက်ကို အလိုက်ပေးကမ်းလှမ်း

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုက သောမက်စ်ပါတေးကိုခေါ်ယူဖို့ လာကာဇက်နဲ့ ဂွမ်ဒူဇီတို့ကို အလိုက်ပေးမယ်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။  အာဆင်နည်းနည်းပြ အာတီတာဟာ မနှစ်က အဆင့် ၈ နဲ့သာ ရာသီသိမ်းခဲ့တာကြောင့် လူ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး ကွင်းလယ်ခံစစ်ပိုင်းအတွက် သောမက်စ်ပါတေးကို ပစ်မှတ်ထားခေါ် ယူဖို့ လုပ်ဆောင်နေတာပါ။  ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ကွင်းလယ်လူ ဂွမ်ဒူဇီကို အလိုက်ပေး  ကမ်းလှမ်းခဲ့သလို တိုက်စစ်မှူး လာကာဇက်ကိုလည်း အလိုက်ပေးမယ်လို့ ဆွေးနွေးခဲ့ကြောင်း ဂျာနယ်လစ် ရိုမန်နိုက ပြောခဲ့တာပါ။  လက်ရှိအချိန်မှာ အက်သလက်တီကိုအသင်းက တိုက်စစ်မှူး လာကာဇက်ကိုခေါ်ယူဖို့ ဆန္ဒ မရှိတော့ဘဲ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆက်ပြီး စောင့်ကြည့်ရမယ်လို့ ဂျာနယ်လစ် ရိုမန်နိုက ဆက်ပြောပါတယ်။  အသက် ၂၇ နှစ်ရှိ ဂါနာကွင်းလယ်လူ ပါတေးကို စာချုပ်ပါလျော်ကြေးပေါင် ၄၄ သန်း ပေးချေ မယ်ဆိုရင် ခေါ်ယူနိုင်မှာဖြစ်ပေမယ့် အာဆင်နယ်အသင်းက ကစားသမားအလိုက်ပေးကမ်းလှမ်းဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ 
8 months Ago

August 20, 2020

ဗီလာအသင်းခေါင်းဆောင်ကို ဂိုးသမားနှင့်အလိုက်ပေးခေါ်ရန် မန်ယူစီစဉ်

မန်ယူအသင်းဟာ ဂျက်ဂရီးလစ်ချ်ကိုခေါ်ဖို့ ဂိုးသမားရိုမဲရိုးကို အလိုက်ပေးကမ်းလှမ်းမယ်လို့ သိရပါတယ်။  ရှက်ဖီးလ်ယူနိုက်တက်မှာ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာ ကြောင့် အရန်ဂိုးသမား ရိုမဲရိုးကို လက်လွှတ်ဖို့ မန်ယူအသင်းက စီစဉ်ထားတာပါ။ အာဂျင်တီးနား ဂိုးသမားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆန္ဒရှိနေပြီး ဗီလာအသင်းကလည်း ဂိုးသမားတဦး ရှာဖွေနေတယ်လို့ သိရပါတယ်။  ဂရီးလစ်ချ်အတွက် ပေါင်သန်း ၇၀ ပေးချေရန် အက်စတွန်ဗီလာအသင်းက သတ်မှတ်ထားပါ တယ်။  ဗီလာအသင်းဟာ ဘုန်းမောက်ဂိုးသမား အာရွန်ရမ်စ်ဒဲလ်ကို ပေါင် ၁၈ သန်းခန့်နဲ့ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ မန်ယူအသင်းက ရိုမဲရိုးနဲ့ မက်လုံးပေးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။  အက်စတွန်ဗီလာအသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ခန်းပြန်လည်စတင်ခြင်း မရှိ သေးဘဲ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မကြာခင်မှာ တစုံတရာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ 
9 months Ago
More News
Up