အရေးယူ

February 15, 2021

ဆန္ဒပြပွဲတွင်း ဆေးဘက်စေတနာ့ဝန်ထမ်းကို တိုက်ခိုက်ခဲ့သည့် ထိုင်းရဲများကို အရေးယူမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေ ဆန္ဒပြပွဲအတွင်း ဆေးဘက်စေတနာ့ဝန်ထမ်းတဦးကို တိုက်ခိုက်ခဲ့တဲ့ ရဲတွေကို အရေးယူ သွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

    အဆိုပါဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက ဆာန်လူအန်ရင်ပြင်အနီး တရားရုံး ချုပ်ပြင်ပမှာ ဖြစ်ခဲ့တာဖြစ်ပြီး တက်ကြွလှုပ်ရှားသူ ၈ ဦးဖမ်းဆီးခံခဲ့ရကာ အယောက် ၂၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

    မက်ထရိုပိုလီတန်ရဲဗျူရို အကြီးအကဲ ဖူဖုန် ဖုန်ပေထရာကတော့ တိုက်ခိုက်ခံရသူ ဟာ ကျွမ်းကျင်ဆေးဘက်ဆိုင်ရာဝန်ထမ်းတယောက်မဟုတ်ဘဲ အဆိုပါအဖွဲ့ထဲက ရှေးဦး သူနာပြုစေတနာ့ဝန်ထမ်းတဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ထိုင်းကျေးလက်ဆရာဝန်များအဖွဲ့က ဒါဟာ လူ့အ ခွင့်အရေးချိုးဖောက်မှုအဖြစ် ပြစ်တင်ရှုံချခဲ့ကြပြီး တရားဝင်ဖြေရှင်းချက်ထုတ်ပြန်ပေးဖို့၊ ပါဝင်တဲ့ ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာပါ။   

    အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗီဒီယိုကလစ်တခုမှာတော့ ရဲတွေဟာ အဓိက ရုန်းဖြစ်နေချိန်အတွင်း အဆိုပါ ဆေးဘက်စေတနာ့ဝန်ထမ်းအမျိုးသားနောက်ကို လိုက်ခဲ့ ကြပြီး တုတ်နဲ့ တကြိမ်ထက်မနည်းရိုက်နှက်ခဲ့ကြလို့ မြေပြင်ပေါ်မှာ လဲကျသွားခဲ့တာကို တွေ့ရပါတယ်။

    နောက်ထပ် ပျံ့နှံ့နေတဲ့ ရုပ်သံတွေထဲမှာတော့ အခင်းဖြစ်တဲ့ နေရာနားမှာ အစိမ်း ရောင်ဝတ်စုံနဲ့ ဆေးဘက်ပရဟိတဝန်ထမ်းအမျိုးသားတဦးနားမှာ ရဲတွေက ဝိုင်းရံထားခဲ့ တာကို တွေ့ရပြီး #policebeatingmedic ဆိုတဲ့ ဟက်ရှ်တက်ဂ်နဲ့အတူ တွစ်တာလူမှုကွန် ရက်ပေါ် ထိုင်းဘာသာနဲ့ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

    ရဲတပ်ဖွဲ့အကြီးအကဲ ဖူဖုန်ကတော့ ရဲဝန်ထမ်းတွေဘက်က ကာကွယ်ပြောဆိုထား ပြီး အခင်းဖြစ်တဲ့ နေရာမှာ သူကိုယ်တိုင်လည်းရှိနေပြီး သက်ဆိုင်ရာက ဆန္ဒပြအုပ်စုတွေ ကို လူစုခွဲဖို့ သတိပေးနေတဲ့ကြားက ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ဆန္ဒပြပွဲမှာ ခေါင်းဆောင်တွေက အဆုံးသတ်လိုက်ဖို့ ပြောနေပေမယ့် တချို့က နာ ရီဝက်ကျော်ကြာအောင် ဆက်လက်ပြီးတော့ ဆန္ဒပြနေကြဆဲဖြစ်တာမို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။

    ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖူဖုန်က ရဲတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေ ဒါမှမဟုတ် ရာဘာ ကျည်တွေကို အသုံးပြုခွင့် အမိန့်ထုတ်ထားခဲ့တာမျိုးမရှိဘူးလို့ ပြောပါတယ်။

    လတ်တလောမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေဆဲဖြစ်ကာ ထိုင်းဆေးပညာကောင်စီကလည်း ဆန္ဒပြပွဲတွေမှာ ရဲတွေအနေနဲ့ ဆေး ဘက်ဆိုင်ရာအဖွဲ့တွေကို ပစ်မှတ်မထားကြဖို့ ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားပါ တယ်။

3 months Ago

December 27, 2020

မြစ်ကြီးနားတွင် ကွာရန်တင်းစင်တာမှ အပြင်ခိုးထွက်သူ ၄ ဦး အရေးယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပညာရေးကောလိပ် ကွာရန်တင်းစင်တာမှာ ကွာရန်တင်း ဝင်နေရာကနေ အပြင်ခိုးထွက်သူ အမျိုးသား ၄ ယောက်ကို အရေးယူထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက “တရုတ်ပြည်မှာ ထောင်ကျပြီး ပြန်လွတ်လာတဲ့ ဒေသခံ အမျိုးသား ၄ ယောက်က ခိုးပြီးအပြင်ထွက်ပြီး ဆိုင်မှာ အရက်သောက် သောင်းကျန်းနေတဲ့အချိန် ပြန်မိတာပါ” လို့ ပြောပါတယ်။ ဖမ်းမိတဲ့ အမျိုးသား ၄ ယောက်ကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ညက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၃ ယောက်ရှိပြီဖြစ်ပြီး လက်ရှိ ဆေးရုံတက်နေသူ ၂၁ ယောက်နဲ့ ကွာရန်တင်းဝင်နေတဲ့သူ ၆၈၁ ယောက်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်း - မီးမီး
5 months Ago
More News
Up