အရုဏ်ဦး သပိတ်

June 4, 2021

ပခုက္ကူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦး သပိတ်ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇွန်လ ၄ ရက် မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ပြုတ်ကျရေးအတွက် အရုဏ်ဦး သပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ပြောက်ကျားစနစ်နဲ့ ချီတက်ဆန္ဒပြနေတာဖြစ်ပြီး နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမယ်လို့  ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့မှာ တက်ကြွလှုပ်ရှားသူ ရာနဲ့ချီအဖမ်းခံထားရပြီး CDM ပြုလုပ်တဲ့ ဆရာ ဆရာမ အယောက်  ၁၄၄၀  တာဝန်ကနေ ယာယီရပ်နားခံထားရပါတယ်။

3 weeks Ago

May 1, 2021

မန္တလေးမြို့က အရုဏ်ဦး သပိတ်

မန္တလေးမြို့မှာ အတားအဆီး ဖမ်းဆီးမှုတွေရှိပေမဲ့ မေ ၁ ရက်က မြို့ခံစစ်ကြောင်းတွေ ပူးပေါင်းပြီး အရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကြောင်း  အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်း၊ မဟာအောင်မြေလူထု သပိတ်စစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်း၊ အ.ထ.က ၂၆ ကျောင်းသား/သူဟောင်းများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

2 months Ago
Up