အရုဏ်ဦးသပိတ်

June 13, 2021

မိုးကောင်းမြို့က အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင် အရုဏ်ဦးသပိတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇွန် ၁၃ ရက် မနက်က ၄ နာရီခွဲလောက်က ဒေသခံပြည်သူတွေဟာ မြို့တွင်းလှည့်လည်ပြီး နံနက်ခင်းအရုဏ်ဦးသပိတ်ကို ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့ကြပါတယ်။

"အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေက မြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ပြီး လှည့်ကင်းပတ်ကင်းတွေနဲ့ လှည့်လည်နေကြပေမယ့် စစ်အာဏာရှင်အစိုးရပြုတ်ကျရေးအတွက် အချိန်၊ နေရာသတ်မှတ်မထားပဲ ကြုံသလိုဆန္ဒပြနေကြရပါတယ်"လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

မိုးကောင်းမြို့ နေ့စဉ်လိုလို မနက်ခင်း အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်နဲ့ ညသပိတ်တွေ ပြုလုပ် ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်တွေလုံခြုံရေးတင်းကျပ်တဲ့နေ့တွေမှာဆိုရင် မြို့ပြင် လယ်ကွင်းတွေထဲထွက်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်း‌တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

2 months Ago

May 28, 2021

ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ပြုလုပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ မေလ ၂၈ ရက် မနက်အစောပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းဟာ မြို့ပေါ်လမ်းမပေါ်တွေမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရဲနဲ့စစ်တပ်က နေရာတွေတော်များများမှာ ရှိနေပြီးတော့ အခက်အခဲ အတားဆီးတွေကို ရှောင်ကွင်းပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ 

ဆန္ဒပြပြည်သူတွေက စစ်ကျွန်ပညာရေး စနစ်အလိုမရှိကြောင်း၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ၊ NUGနဲ့ PDF ကို ထောက်ခံကြောင်း တောင်းဆို ဆန္ဒပြခဲ့ကြပြီးတော့ အန္တရာယ်ကင်းကင်းနဲ့ လူစုခွဲနိုင်ခဲ့တယ်လို့ သပိတ်အဖွဲ့ဝင်တစ်ယောက်က DVB ကိုပြောပါတယ်။

ညောင်ဦးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ပင်မသပိတ်စစ်ကြောင်းဟာ နေ့စဉ် ချီတက်ဆန္ဒပြနေတာဖြစ်ပြီးတော့ လူသတ်အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမယ်လို့ ဆိုပါတယ်။

2 months Ago
More News
Up