အရာတော်မြို့နယ်

December 5, 2021

အရာတော်မြို့နယ် စာသင်ကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဖျက်ဆီး

အရာတော်မြို့နယ် ဝါးတန်းအုပ်စု၊ ကံဇွယ်ကျေးရွာက စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဒီဇက်ဘာ ၄ ရက်နေ့မှာ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၅၀ လောက် ဝါးတန်းအုပ်စု ကံဇွယ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ရှာဖွေတာတွေ ပြုလုပ်သွားတာလို့ ရွာသားတစ်ဦးက‌ ပြောပါတယ်။

“ကျောင်းထဲက အခန်းတံခါးတွေ ဖျက်စီးရိုက်ခွဲသွားတယ်။ ကျောင်းထဲမှာလည်း အရက်၊ဘီယာတွေသောက်တယ်။ ရုံးခန်းထဲက စာရွတ်စာတမ်းတွေ အကုန်ဖျက်ဆီးတာတွေ လုပ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကံဇွယ်ကျေးရွာ မူလတန်းကျောင်းထဲ တပ်စွဲ ညအိပ်စခန်းချသွားပြီး ကျေးရွာအတွင်းက ကြက်၊ ဆိတ် စတာတွေ သတ်ဖြတ်စားသောက်ပြီး ‌ကျေးရွာအတွင်းက ဈေးဆိုင်တွေက ပစ္စည်းတွေယူဆောင်ခဲ့ကြပြီး အရက်ဘီယာတွေ သောက်သုံးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

2 hours Ago

November 23, 2021

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ နေအိမ်နှစ်လုံးနှင့် ကွမ်းယာဆိုင်ကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာအတွင်း ဒလန်ရှင်းလင်းဖို့သွားတဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးနဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်တပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၁၀ နာရီကျော်လောက်က နောင်ကြီးအိုင်လမ်း‌ပေါ်က ကမ္ဘာ့ရွာကဖေးအနီးမှာ စ ပြီးပစ်ခတ်ကြတာ။ လမ်းတလျှောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး IT Mobile ဆိုင်နားထိပဲ။ ကြောက်လို့ပုန်းနေတဲ့ သားမိနှစ်ယောက်နဲ့ ၅ နှစ်အရွယ်ကလေးတစ်ယောက်ကို စစ်တပ်က ဓားစာခံခေါ်ထားတယ်။ ခဏကြာတော့ ကွမ်းယာဆိုင်တစ်ဆိုင်နဲ့ ရွာခံနေအိမ်နှစ်လုံးကို မီးရှို့လိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်တွေထဲက ကောင်းတဲ့ ၃ စီးကိုယူသွားပြီး ၁၀ စီးကျော်ကို မီးရှို့ထားခဲ့ကာ ခရီးသွားပြည်သူတစ်ဦးလည်း ခြေထောက်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနက် ၁၁ နာရီကျော်လောက် ဓားစာခံ ၃ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး စစ်သတင်းပေးလင်မယားကိုခေါ်ကာ နောင်ကြီးအိုင်ရဲစခန်းအတွင်း ပြန်ဝင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 weeks Ago
More News
Up