အရက်မူးသမား၏ ကား

February 4, 2020

ဩစတြေးလျတွင် အရက်မူးသမား၏ ကားဖြင့်တိုက်မိပြီး ကလေး ၄ ဦး သေဆုံး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အရက်မူးသမား တယောက် မောင်းလာတဲ့ကားက တိုက်မိလို့ ကလေး ၄ ယောက် သေဆုံးပါတယ်။ ကလေးတွေဟာ ခြေကျင်လမ်းလျှောက်လာနေတုန်း ကားက လူသွားလမ်းပေါ် မောင်းတက်လာပြီး တိုက်မိခဲ့တာလို့ နယူးဆောက်သ်ဝေးပြည်နယ် ရဲဌာနက ပြောပါတယ်။ ကားတိုက်မိလို့ တခြားကလေး ၃ ယောက်လည်း ဒဏ်ရာရပါတယ်။ သေဆုံးသူ ကလေးတွေရဲ့ ဖခင်က သူ့ကလေးတွေဟာ ပိုကောင်းတဲ့နေရာကို သွားပြီလို့ ပြောပါတယ်။ ကားမောင်းသူ ဆမ်မျူယယ် ဒေးဗစ်ဆင်ဟာ လူသေမှု၊ အရက်မူးနေချိန် ကားမောင်းမှု အပါအဝင် အမှု ၂၀ နဲ့ တရားစွဲခံထားရပြီး ဖေဖော်ဝါရီ ၂ ရက်က ဆစ်ဒနီ တရားရုံးကို ရောက်လာပါတယ်။ သူဟာ အာမခံလျှောက်ထားခွင့် ငြင်းပယ်ခံထားရပါတယ်။
1 year Ago
Up