အယ်ကန်တာရာ

October 21, 2020

အေဂျက်ဇ်နှင့် ကစားမည့် လီဗာပူးအသင်းတွင် အယ်ကန်တာရာနှင့် မာတစ်တို့ မပါဝင်

ဟော်လန်ကလပ်အေဂျက်ဇ်နဲ့ ကစားမယ့် လီဗာပူးအသင်းမှာ ကွင်းလယ်လူ အယ်ကန်တာရာနဲ့ နောက်ခံလူ မာတစ်တို့ လွဲချော်မယ်လို့ သိရပါတယ်။ မာတစ် မပါဝင်နိုင်တာက အဓိကနောက်ခံလူ ဗန်ဒိုက် အနားယူနေရတဲ့ လီဗာပူးအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး ကွင်းလယ်လူ ဖာဘင်ညိုကို ခံစစ်မှူးနေရာထား ကစားရဖို့ ရှိနေပါတယ်။  ဘိုင်ယန်မြူးနစ်ကနေ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အယ်ကန်တာရာ ကတော့  ကိုရိုနာဗိုင်းရပ်စ်ရောဂါကနေ ပြန်လည်သက်သာလာခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် ချန်ပီယံလိဂ် ကစားမယ့် အေဂျက်ဇ်နဲ့ ပွဲလူစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့တာပါ။  အလားတူ ဘရာဇီးဂိုးသမား  အလစ်ဆန်ဘက်ကာဟာလည်း ပခုံးဒဏ်ရာအခြေအနေ  သက်သာလာခဲ့ပေမယ့် အေဂျက်ဇ်နဲ့ပွဲမှာ အရေးတကြီး အသုံးပြုမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။  လီဗာပူးအသင်းဟာ အေဂျက်ဇ်၊ အက်တလန်တာ၊ မက်ဂျီလန်းတို့နဲ့ အုပ်စု D မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။
8 months Ago

September 11, 2020

လီဗာပူးကိုပြောင်းရွှေ့ရန် ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာ သဘောတူမှုရထား

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာဟာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ ဖို့  အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။  အသက် ၂၉ နှစ်ရှိ စပိန်ကွင်းလယ်လူ အယ်ကန်တာရာဟာ စပိန်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ် ကစားပြီးနောက် ဘာစီလိုနာမြို့မှာ မိသားစုနဲ့အတူ အနားယူနေတာပါ။ ဂျာမန်သတင်းစာ BILD ရဲ့အဆိုအရ အယ်ကန်တာရာဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။  ဘိုင်ယန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခြင်း မရှိသေးပေမယ့် ဘိုင်ယန် ဘက်က ယူရို သန်း ၃၀ ထက်မနည်း ပေးချေမှရောင်းချမယ်လို့ သိရပါတယ်။ အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ရာမှာ ခြေစွမ်းပြခဲ့ပေမယ့် စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 
9 months Ago
More News
Up