အယ်လီ

January 21, 2019

စပါးကွင်းလယ်လူ အယ်လီ တံကောက်ကြောဒဏ်ရာရ

စပါးကွင်းလယ်လူ ဒယ်လီအယ်လီဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့အတွက် ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ စပါးနဲ့ ချဲလ်ဆီးအသင်းတို့ ကစားမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပထမအကျော့က စပါးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။ အယ်လီဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ပွဲချိန် ၈၆ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကလည်း အယ်လီရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး အခြေအနေ မကောင်းဘူးလို့ ဝန်ခံသွားခဲ့ပြီး ဂရုတစိုက်ကုသဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။ စပါးအသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသလို ဆွန်ဟောင်မင်ကလည်း အာရှဖလားအတွက် စေလွှတ်ပေးထားရတာပါ။ အယ်လီ ဒဏ်ရာထပ်ရသွားလို့ အခက်အခဲ ရှိနိုင်ပေမယ့် ဒဏ်ရာရခဲ့တဲ့ လူးကပ်စ်မိုရာ ပြန်လည်သက်သာလာတယ်လို့ သိရပါတယ်။ ဒဏ်ရာပြဿနာတွေ ရှိပေမယ့် တခြားကစားသမားတွေ အတွက်လည်း ပွဲကစားဖို့ အခွင့်အရေးရမှာဖြစ်လို့ စိုးရိမ်မှုမရှိဘူးလို့ နည်းပြ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။
2 years Ago

November 1, 2018

စပါးကွင်းလယ်လူ အယ်လီ အသင်းနှင့် ၆ နှစ် သက်တမ်းစာချုပ် ချုပ်ဆို

အင်္ဂလန်လက်ရွေးစင်နဲ့ စပါးကွင်းလယ်လူ အယ်လီဟာ  အသင်းနဲ့ ၆ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အယ်လီဟာ မူလက တစ်ပတ်လုပ်ခပေါင် ငါးသောင်းပဲရရှိ နေသူဖြစ်ပြီး စာချုပ်သစ်အရ ပေါင်တသိန်းကျော်အထိ တိုးမြှင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆုကြေးတွေနဲ့ တခြားခံစားခွင့်တွေ ပေါင်းလိုက်မယ်ဆိုရင်တော့ တပတ်လုပ်ခ ပေါင်တသိန်းခွဲ အထိရရှိဖို့ရှိတယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်ရှိ အယ်လီဟာ ၂ဝ၁၅ ခုနှစ်က အမ်ကေဒွန်း အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး စပါးအသင်းမှာ အလျင်မြန်အထိုင်ကျကာ ခြေစွမ်းပြ ကစားခဲ့ သူဖြစ်ပါတယ်။ စပါးအသင်းနဲ့အတူ လေးရာသီအတွင်းမှာ စုစုပေါင်း ၁၅၃ ပွဲကစားပြီး ၄၈ ဂိုး သွင်းယူခဲ့ပါတယ်။
3 years Ago
More News
Up