အယူခံ ရှုံ

May 29, 2020

ဟွာဝေးအရာရှိချုပ်၏ အမေရိကန်တွင် တရားစီရင်မခံရရေးအယူခံ ရှုံးနိမ့်

ဟွာဝေးနည်းပညာ နိုင်ငံတကာကော်ပိုရေးရှင်းက ဘဏ္ဍာရေးအရာရှိချုပ် မုန့်ဝမ်ကျိုးဟာ အမေရိကန်နိုင်ငံမှာ တရားစီရင်ခံဖို့ လွှဲမပေးရေး ကနေဒါတရားရုံးမှာ အယူခံဝင်ရာမှာ မေလ ၂၇ ရက်က အမှုရှုံးနိမ့်ခဲ့ပါတယ်။  ဘဏ်ကို လိမ်လည်မှု စွဲချက်တွေကို ရင်ဆိုင်ဖို့ အမေရိကန်နိုင်ငံဆီ လွှဲမခံရအောင် ရှောင်ဖို့ မုန့်ဝမ်ကျိုးက ကြိုးစားနေပါတယ်။  တရုတ်နိုင်ငံသူ မုန့်ကို အမေရိကန် အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ ၂၀၁၈ ဒီဇင်ဘာလမှာ ကနေဒါအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။  အီရန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ တခုနဲ့ ဟွာဝေး လုပ်ငန်းစုအကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး HSBC ဘဏ်ကို နားလည်မှုလွဲအောင် လိမ်လည်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ထားပါတယ်။  ကနေဒါက အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာ မရှိတဲ့အတွက် ဒီအမှုကို ပလပ်ပေးသင့် တယ်လို့ မုန့်ရဲ့ ရှေ့နေတွေက ငြင်းခုန်လျှောက်လဲထားပါတယ်။  ဒါပေမယ့် ဗြိတိန် ကိုလံဘီယာပြည်နယ် အဆင့်မြင့်တရားရုံးက လျှောက်လဲချက်ကို သဘောမတူဘဲ မုန့်ရဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှု ၂ မှုအတွက် တရားရေး စံချိန်နဲ့ ငြိနေတယ်လို့ ဆုံးဖြတ်ပါတယ်။  ဒီစီရင်ချက်ကြောင့် မုန့်ကို စစ်ဆေးဖို့ ဒုတိယအဆင့်ကို ဇွန်လမှာ စတင်ပြီး ရာဇဝတ်သား လွှဲပြောင်းရေး ကြားနာပွဲတွေ ဆက်လုပ်ဖို့ လမ်းပွင့်သွားပါတယ်။
1 year Ago
Up