အမှုဖွင့်အရေးယူ

June 22, 2019

ကျောင်းဆရာမဖြစ်​​အောင်​ လုပ်​​ပေးမည်​ဟုဆိုပြီး ငွေလိမ်​တောင်းသူကို အမှုဖွင့်အရေးယူ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်​မြို့နယ်​မှာ ​​ပညာရေးဝန်ထမ်း ကျောင်းဆရာမဖြစ်အောင်​ ပြုလုပ်​​ပေးမယ်လို့ ပြောဆိုပြီး  အမျိုးသမီးတဦးဆီကနေ ​ငွေ​ကြေးလိမ်​လည်​ရယူခဲ့သူကို ဇွန်​လ ၁၉ ရက်​​နေ့က အမှုဖွင့်အ​ရေးယူထားတယ်လို့ မိုးကုတ်​မြို့နယ်​ရဲစခန်းက ပြောပါတယ်။ မိုးကုတ်​မြို့နယ်​၊ ကသဲ​ကျောက်​​ဆောင်​​ရပ်​​နေ အမျိုးသမီးတဦးဟာ ခင်​မင်းရင်းနှီးခဲ့တဲ့ ​ကျောင်းဆရာမတ​ဦးရဲ့ ​မောင်​ဖြစ်​သူက ​ကျောင်းဆရာမ​ဖြစ်​​အောင်​လုပ်​​ပေးနိုင်​တယ်လို့ ပြောကာ ​ငွေကျပ်​ ၇ သိန်း တကြိမ် နဲ့ ​ငွေကျပ်​ ၄ သိန်းခွဲ တကြိမ် စုစု​ပေါင်း ငွေကျပ် ၁၁ သိန်းခွဲ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ငွေကျပ်  ၁၁ သိန်းခွဲ တောင်းယူခဲ့ပေမယ့် ပညာရေးဝန်ထမ်း ​ကျောင်းဆရာမဖြစ်​​အောင်​ မလုပ်ပေးနိုင်တဲ့အတွက် ​ငွေပြန်ပေးဖို့ တောင်းခံတဲ့အခါ ပြန်​မ​ပေးတာကြောင့် ငွေလိမ်လည်တောင်းခံခဲ့တဲ့ မိုးကုတ်​မြို့နယ်​၊ ​အောင်​သစ်​လွင်​ရပ်​​နေ ရဲမြင့်​သူ (ခ) အငယ်​​လေး ကို အမှုဖွင့်​လှစ်ခဲ့တာလို့ သိရပါတယ်။ မိုးကုတ်မြို့နယ် ရဲမှူး မင်းခိုင်က "ကျနော်တို့ ၄၂၀ နဲ့ တိုင်ထားတဲ့အတွက် အရေးယူထားပါတယ်'' လို့ ပြောပါတယ်။ ငွေကြေးလိမ်လည်တောင်းခံမှုနဲ့ ပတ်သက်ပြီး ငွေကြေးလိမ်လည်ခံရသူက တိုင်​တန်းတဲ့အတွက် ရဲမြင့်​သူ (ခ) အငယ်ေ​လးကို ကျပ်​ပြင်​နယ်​​မြေရဲစခန်းမှာ ရာ​ဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၄၂၀ အရ အမှုဖွင့်​လှစ် အရေးယူထားတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago

May 17, 2019

တရားသူကြီးနှင့် ရှေ့နေအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားသူကြီး  (ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး) ဒေါ်ရည်ရည်မွန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေးဝန်ထမ်း ဦးရဲဝဏ္ဏတို့ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။ ခင်ဦးမြို့နယ်တရားရုံးမှာ သစ်တောအမှုတခုနဲ့ အမှုရင်ဆိုင်နေစဉ် ငှားရမ်းခဲ့တဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းက တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေကို ပေးဖို့ဆိုပြီး တရားခံထံက ကျပ်ငွေ သိန်း ၃၀ ကျော်တောင်းခံရယူခဲ့ပေမယ့် အမှုရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး၊ အရေးယူပေးဖို့ တိုင်ကြားလာတာကို စုံစမ်းအရေးယူခဲ့တာလို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့က ထုတ်ပြန်ပါတယ်။ အမှုအမိန့်ချတဲ့နေ့မှာ တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းဟာ မြို့နယ်တရားသူကြီးနဲ့ တရားရုံး ဝန်ထမ်းတွေကိုပေးဖို့ဆိုပြီး တရားခံရဲ့ မိခင်ထံက စုစုပေါင်းငွေကျပ် ၃၀၂၀၀၀၀ ကို တောင်းခံရယူခဲ့ကြောင်း၊ တရားသူကြီး ဒေါ်ရည်ရည်မွန်ဟာ ငွေကျပ် သိန်း ၂၀ ကို ရယူ အမိန့်ချခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဒေါ်ရည်ရည်မွန်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ တရားခံရဲ့ မိခင်ထံက ငွေတောင်းခံရယူရာမှာ အားပေးကူညီခဲ့ကြတဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့ကိုလည်း အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ရုံးဝန်ထမ်း ဦးရဲဝဏ္ဏဟာ တရားရုံးမှာ အမှု စစ်ဆေးနေစဉ် ၂၀၁၇ ခုနှစ်အတွင်း တရားခံရဲ့ မိခင်ထံက အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတွေ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့  ဦးရဲဝဏ္ဏကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၇ အရ ထပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။ ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့ကိုတော့ ဖမ်းဆီးရရှိထားပြီး တရားသူကြီး ဒေါ်ရည်ရည်မွန်ကတော့ ထွက်ပြေးတိမ်းရှောင်နေလို့  အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2 years Ago
More News
Up