အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဆွေကို ပြန်လည်ရွေးချယ်

December 23, 2017

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒုတိယအကြိမ် ညီလာခံ ကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီရဲ့ ဒုတိယအကြိမ်ညီလာခံကို ရန်ကုန်မြို့ YWCA ခန်းမမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပနေပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကို ၂၀၁၀ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ဒုတိယအကြိမ်ညီလာခံမှာ နိုင်ငံရေးအသိပညာဖလှယ်မူတွေ ပြည်သူ့လိုအပ်ချက် အစီရင်ခံစာတွေတင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်ကိုပေးပို့သွားမယ်လို့ NDF ပါတီရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က ပြောပါတယ်။
4 years Ago

July 18, 2016

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဆွေကို ပြန်လည်ရွေးချယ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ဥက္ကဋ္ဌနေရာကို ဦးခင်မောင်ဆွေကို ပြန်လည်ရွေးချယ်လိုက်ပါတယ်။ ဗဟိုလုပ်ငန်းကော်မတီက ပြန်လည်ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ပါတီကိုလူငယ်တွေနဲ့အားသစ်လောင်းဖို့အတွက် နာယကနေရာကိုယူပေမယ့် ပါတီဝင်တွေက ဥက္ကဋ္ဌနေရာကို ဆက်တာဝန်ယူပေးဖို့ တောင်းဆိုတာကြောင့် အခုလို ထပ်မံတာဝန်ထမ်းဆောင်ရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။ အခုတစ်ကြိမ်ပါတီခေါင်းဆောင်တွေရွေးချယ်ခဲ့တာမှာ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကိုပါ နေရာပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်ကနေ ၂၀၁၇ ခုနှစ်အထိကို ပါတီထဲက လူငယ်တွေနဲ့ပါတီဝင်တွေကို အရည်အချင်းတိုးတက်ဖို့အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေစတင်ပြီး လူငယ်တွေကိုပြည်သူတွေကြားထဲ စေလွတ်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို တဆင့်ခြင်းစီ လုပ်ဆောင်ဖို့တာဝန်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေက ပါတီကိုထိန်းကျောင်းနိုင်လာချိန်မှာ သူ့အနေနဲ့ နာယကနေရာမှာနေပြီး လူငယ်တွေရဲ့ဦးဆောင်မှုနဲ့ပါတီကို ဆက်လက်ရှင်သန်စေမှာလို့ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီ ကိုပြောခဲ့တာပါ။
5 years Ago
Up