အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်

March 31, 2018

အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်

  တရုတ်နိုင်ငံ၊ ဂန်စူးပြည်နယ် ဘိုင်ယန်မြို့တရားရုံးက အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့  အမျိုးသားတဦးကို မတ် ၃၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိ ကောင်းချန်ယုံ ဆိုသူဟာ ၁၉၈၈ ကနေ ၂၀၁၂ ခုနှစ်အတွင်း ဂန်စူးပြည်နယ် ဘိုင်ယန်နဲ့ ဘောက်တူမြို့တွေမှာ  အမျိုးသမီး ၁၁ ဦးကို အဓမ္မကျင့်မှု၊ သတ်ဖြတ်မှု၊ ဓားပြတိုက်လုယက်မှု စတဲ့ ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့ပါတယ်။ အဓမ္မကျင့် အသတ်ခံရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေပါဝင်ပြီး အသက်အငယ်ဆုံးက ၈ နှစ်အရွယ်ဖြစ်ပါတယ်။ ဒေသခံရဲတပ်ဖွဲ့က သူကျူးလွန်တဲ့ ပြစ်မှုတွေအတွက် သူ့ကို ၂၈ နှစ်ကြာ ရှာဖွေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာတော့ ရာဇ၀တ်မှုကျူးလွန်တဲ့ သူ့ရဲဆွေမျိုးတဦးကို ဖမ်းမိရာကနေ ဒီအန်အေ ဆေးစစ်ချက်ရခဲ့ပြီးတဲ့နောက် လူသတ်သမား ကောင်းချန်ယုံကို ခြေရာခံဖမ်းမိခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up