အမျိုးသမီးသရုပ်ဆောင်

January 3, 2018

၂၀၁၇ ခုနှစ်အတွက် ဝင်ငွေအမြင့်ဆုံး အမျိုးသမီးသရုပ်ဆောင် ဂါလ်ဂဒေါ့တ်

၂၀၁၇ ခုနှစ်ဟာ ဟောလိဝုဒ်မင်းသမီး ဂါလ်ဂဒေါ့တ်အတွက် အတော့်ကို ကောင်းမွန်တဲ့နှစ်လို့ ဆိုရမှာပါ။ ဖို့ဘ်စ်မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ Wonder Woman ရုပ်ရှင်ကားရဲ့ အဓိကသရုပ်ဆောင် အသက် ၃၂ နှစ်အရွယ် ဂါလ်ဂဒေါ့တတ်ဟာ ဝင်ငွေ ဒေါ်လာ သန်း ၁ ဒသမ ၄ ထောင်ကျော် ရရှိမှုနဲ့အတူ တနှစ်တာအတွက် ဝင်ငွေအမြင့်ဆုံး အမျိုးသမီးသရုပ်ဆောင်လို့ သိရပါတယ်။ ဂါလ်ဂဒေါ့တ် သရုပ်ဆောင်ထားတဲ့ Wonder Woman နဲ့ Justice League ရုပ်ရှင်ကားတွေဟာ ပရိသတ်ရဲ့ ချီးကျူးမှုကို ရရှိထားတာပါ။ အမျိုးသမီးဒါရိုက်တာ ပက်တီဂျန်ကင်းစ်ရိုက်ကူးပြီး ကမ္ဘာတဝန်းလုံးမှာ ဝင်ငွေ ဒေါ်လာ ၈၂၂ သန်း ရခဲ့တဲ့ Wonder Woman အက်ရှင်ရုပ်ရှင်ကားထဲမှာ ဂါလ်ဂတော့ထ်က အကောင်းဆုံး သရုပ်ဆောင်ထားပြီး အမြင့်ဆုံးဝင်ငွေရရှိတဲ့ အက်ရှင်ကားအဖြစ် အောင်မြင်မှု တော်တော်များများ ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် တနှစ်တာအတွက် ဝင်ငွေအမြင့်ဆုံး၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်က ဗင်ဒီဆယ်လ်ဖြစ်ပြီး ကမ္ဘာတဝန်းလုံးမှာ ဝင်ငွေ ဒေါ်လာ သန်း ၁ ဒသမ ၆ ထောင် ရရှိခဲ့တာပါ။ သူသရုပ်ဆောင်ထားတဲ့ Fast and Furious ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက Fate of the Furious ရုပ်ရှင်ကားက ကမ္ဘာတဝန်းလုံး ဒေါ်လာ သန်း ၁ ဒသမ ၂ ထောင် ရရှိခဲ့တယ်လို့ အင်စတိုင်လ်သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up